ထိပ်ဆုံး သတင်း :
Home » » ရာသီဥတု ဆိုးဝါးမယ့် စာရင်းထဲ မြန်မာနိုင်ငံပါ

ရာသီဥတု ဆိုးဝါးမယ့် စာရင်းထဲ မြန်မာနိုင်ငံပါ

10/27/2011 01:31:00 PMတွင်ရေးသည်

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု ရဲ့ ဆိုးကျိုး သက်ရောက်မှု တွေကို ထိခိုက်ခံစားရဆုံး နိုင်ငံ တွေ ထဲမှာ မြန်မာ နိုင်ငံက အဆင့် ၂ဝမှာ ရှိပြီး ထိခိုက်နိုင်မှု က ပြင်းထန် နိုင်တဲ့ စာရင်း မှာ ဝင်နေတယ် လို့ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်း ကို ကောက်ယူ ကြေညာခဲ့တဲ့ ယူကေ အခြေစိုက် Maplecroft စစ်တမ်း ကောက်ယူရေး အဖွဲ့ က ပြောပါတယ်။

Maplecroft စစ်တမ်း ကောက်ယူရေး အဖွဲ့ ကမ္ဘာ တဝန်း စစ်တမ်းကောက်ယူခဲ့ပြီး နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အနေနဲ့ ရာသီဥတု ပြောင်းလဲ လာမှု ဆိုးကျိုး သက်ရောက် မှု တွေ ခံစားရနိုင်ပြီး အဆိုးဆုံး ခံစား ရနိုင်တာ က တော့ ဟေတီနိုင်ငံ ဖြစ်သလို အိမ်နီးနားချင်း နိုင်ငံ ဘင်္ဂ္လားဒေ့ရှ် က ဒုတိယ အဆိုးဆုံး ဖြစ်နိုင်တယ်လို့ သတ်မှတ် ထား ပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/01/17/110117144503_maplecroft_226x170_maplecroft_nocredit.jpg
Maplecroft စစ်တမ်း အရ မြန်မာနိုင်ငံမှာ ရာသီဥတု ဆိုးရွားနိုင်
အရှေ့တောင်အာရှထဲက ကမ္ဘောဒီယား နိုင်ငံ က နံပတ် ၆ အဆိုးဆုံး ဖြစ်ပြီး ဖိလစ်ပိုင် ကတော့ နံပတ် ၁၀ နေရာမှာ ရှိနေသလို မြန်မာ နိုင်ငံ ကတော့ အဆိုးဆုံး နံပတ် ၂၀ ချိတ် တယ် လို့ သူတို့ က သတ်မှတ် ထားပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းနဲ့ ဧရာဝတီ ကမ်းရိုးတန်း တလျှောက် က သက်ရောက် နိုင်မှု တွေ ပို တယ် လို့ လည်း Maplecroft ရဲ့ Map and Index ဌာန ရဲ့ ဦးဆောင်သူ မစ္စ Helen Hodge က ပြောပါတယ်။

မြန်မာ နိုင်ငံ ဟာ ရာသီဥတု ပြောင်းလဲမှု ရဲ့ ဒဏ်တွေ ဖြစ်တဲ့ မုန်တိုင်း တို့ ရေကြီးတာ တို့ မိုးခေါင်ရေရှား ဖြစ်တာ တို့ ပိုဖြစ်နိုင်တဲ့ အပြင် အဲဒီ ရဲ့ ဆိုးကျိုး ထိခိုက်စရာ တွေ များ မယ့် အကြောင်းလည်း သူက ရှင်းပြပါတယ်။

သူတို့ အနေနဲ့ အဓိက ထား ကြည့် တဲ့ အကြောင်းတွေ ထဲက တချက် ကတော့ သဘာဝ ဘေးအန္တရာယ် တွေ ကျရောက်နိုင်တဲ့ အတိုင်းအတာ တွေ၊ ဒေသ အပူချိန် တို့ စတဲ့ ရာသီဥတု အခြေအနေပါ၊ နောက် လူဦးရေတိုးပွား မှု အခြေ အနေနဲ့ ဆင်းရဲ မွဲတေ မှု အတိုင်းအတာ တို့ ဖြစ်ပါတယ် လို့ သူ က ပြောပါတယ်။

ရာသီဥတု ပြောင်းလဲ လာတဲ့ သဘာဝပြောင်းလဲမှု ဆိုးကျိုးတွေကြောင့် လူဦးရေ တိုးပွားမှု နဲ့ လက်ရှိ ဆင်းရဲ မွဲတေ မှု အတိုင်းအတာ ပိုဆိုးလာမယ့် အနေအထား ကိုလည်း ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံ ၂၀ဝ၈ ခုနှစ်တုန်း က နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ရာဇဝင် နဲ့ အခု လောလောဆယ် ဖြစ်နေတဲ့ ရေကြီး မှု တွေက ရာသီဥတု ပြောင်းလဲ တဲ့ ဒဏ်တွေ ကို ခံစား နေရတာ ကို သက်သေ ပြနေတဲ့ သဘော ဖြစ်ကြောင်းလည်း သူတို့ က သုံးသပ်ပါတယ်။

သူတို့ အနေနဲ့ မြန်မာပြည် ထဲ ကို သွားရောက်ပြီး ကွင်းဆင်း စစ်တမ်းကောက် တာ မျိုး မလုပ်နိုင်ခဲ့ ပေမယ့် လည်း ကမ္ဘာ့နိုင်ငံ အသီးသီး က အချက်အလက်တွေ ကို စုဆောင်း ပြီး အခုလို အဆင့်တွေ ခွဲ သတ်မှတ် ခဲ့ကြောင်း မစ္စ ဟယ်လင် က ပြောပါတယ်။

ရာသီ ဥတု ပြောင်းလဲ တဲ့ဒဏ် သက်ရောက်လာနိုင်မှု ကို နည်းပါးလျော့ ကျ လာအောင် ရေနဲ့ ပတ်သက်တဲ့ စနစ်တကျ စီမံခန့်ခွဲမှု တွေ၊ နောက် ရေကြီးနိုင်တဲ့ နေရာတွေမှာ အဆောက်အဦ ဆောက်လုပ်တဲ့ စနစ် တွေ ကို ပြုပြင် တာ တွေ၊ မြန်မာပြည် ဟာ စိုက်ပျိုးရေးထွက်ကုန် အပေါ်အများ အပြား အခြေခံထားတာမို့ မိုးခေါင် တဲ့ ကာ လ မှာ ခံနိုင်ရည် ရှိတဲ့ ပျိုးပင် တွေ ဖြစ်အောင် ဘယ်လို လုပ် မလဲ စတာ တွေကို စဉ်းစား ထားရင် ကောင်းမယ် လို့ ထင်ပါတယ် လို့ မစ္စ ဟယ်လင် ပြောပါတယ်။

ရာသီဥတု ပြောင်းလဲရေး နဲ့ ပတ်သက်တဲ့ အရေး က ကမ္ဘာမှာတော့ အတော်အရေး တကြီး စဉ်းစား လာတဲ့ ခေါင်းစဉ် ဖြစ်လာနေသလို မြန်မာပြည် အနေနဲ့ လည်း အလေးထား စရာ ကောင်းပြီး အခု Maplecroft ရဲ့ တွေ့ရှိချက်တွေ က နောက်ထပ် သတိပေးချက် တခု တိုးလာတယ် လို့ မှတ်ယူ နိုင်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"