ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၄ ကြိမ်မြောက် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ၄ ကြိမ်မြောက် တွေ့ဆုံ

10/31/2011 12:40:00 AMတွင်ရေးသည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည် တို့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
NLD
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ ဝန်ကြီး ဦးအောင်ကြည်တို့ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၃ဝ ရက်နေ့က စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။
ဒီကနေ့ တွေ့ဆုံရာမှာ လွတ်လပ်စွာ ကုန်သွယ်ခွင့်နဲ့ ငွေကြေး လည်ပတ်ခွင့်၊ နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အာအက်ဖ်အေကို ပြောပါတယ်။

နှစ်ဘက် ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားဖို့လည်း သဘောတူညီခဲ့ကြ တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပါတီ မှတ်ပုံတင်မယ့် ကိစ္စကို နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေသစ် တရားဝင် ထွက်လာပြီးမှသာ အစည်းအဝေး ခေါ်ယူပြီး အများသဘောတူ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ဟာ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပြီး တနာရီနီးပါး ဆွေးနွေးခဲ့ကြတာပါ။ အခု တွေ့ဆုံမှုဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ (၄) ကြိမ်မြောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"