ထိပ်ဆုံး သတင်း :
Home » » ဦးအောင်ဆန်းဦး တရားရုံးကို မထီမဲ့မြင် ပြောကြားမှု လက်ခံသင့်မသင့် ကြားနာမည်

ဦးအောင်ဆန်းဦး တရားရုံးကို မထီမဲ့မြင် ပြောကြားမှု လက်ခံသင့်မသင့် ကြားနာမည်

10/17/2011 03:59:00 AMတွင်ရေးသည်

ဦးအောင်ဆန်းဦးနဲ့ မော်နီတာ သတင်း ဂျာနယ် တာဝန်ရှိသူ ၂ ဦး အပေါ် ဒေါ်အောင်ဆန်းစုကြည်က စွဲဆိုထားတဲ့ အမှုကို လက်ခံသင့် မခံသင့် လာမယ့် သီတင်းပတ်အတွင်း တရားရုံးမှာ စတင်ကြားနာမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
AFP
ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။
“ဒေါ်အောင်ဆန်းစုကြည်က မော်နီတာသတင်းဂျာနယ်မှာ ဦးအောင်ဆန်းဦး ပြောတဲ့သတင်းနဲ့ ပတ်သက်ပြီး တရားရုံး မထီမဲ့မြင်မှု သြဂုတ်လတုန်းက ကျနော်တို့ တင်ထားတယ်။ အဲဒီအမှုကို လာမယ့် ၂၇ ရက်နေ့မှာ လက်ခံရေး မခံရေး ကြားနာမယ်တဲ့။ အခု အမှုစာရင်း ပေါ်တာပေါ့လေ”

ဦးအောင်ဆန်းဦးဟာ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်ပွားနေတဲ့ နေအိမ် အမွေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ မော်နီတာ သတင်းဂျာနယ်ကို ပြောကြားချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

တရားသူကြီးက အပြီးသတ် ဆုံးဖြတ်ချက် မချမှတ်ခင်မှာ ဦးအောင်ဆန်းဦးက- သူ့အနေနဲ့ အဓိက ငြင်းချက် အတော်များများကို မိမိ အနိုင်ရရှိထားပြီ ဖြစ်ကြောင်း မိမိ လိုရာဆွဲပြီး တဘက်သတ် ပြောဆိုခဲ့တာတွေဟာ တရားရုံးကို မထီမဲ့မြင် ပြုရာကျတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ဆန်းဦးနဲ့တကွ မော်နီတာ သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ထုတ်ဝေသူ ဦးလှမြင့်ဆွေ တို့ကို သြဂုတ်လ ၈ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"