ထိပ်ဆုံး သတင်း :
Home » » ပြည်မြန်မာကုန်တိုက် ဆိုင်ရှင်များ ဆန္ဒပြ၊ ၂ ဦး ခေါ်ယူစစ်ဆေးခံရ

ပြည်မြန်မာကုန်တိုက် ဆိုင်ရှင်များ ဆန္ဒပြ၊ ၂ ဦး ခေါ်ယူစစ်ဆေးခံရ

10/02/2011 11:18:00 PMတွင်ရေးသည်


 လှည်းတန်းလမ်းဆုံရှိ ပြည်မြန်မာကုန်တိုက် (ဓာတ်ပုံ - planet.com.mm)

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကမာရွတ်မြို့နယ်၊ လှည်းတန်း ပြည်မြန်မာကုန်တိုက်မှာရှိတဲ့ ဆိုင်ခန်းတွေကို ဖျက်တာ၊ ပစ္စည်းတွေသိမ်းခိုင်းနေတာကို မကျေနပ်လို့ ဆိုင်ခန်းရှင် ၂၀ လောက် ဒီနေ့မနက် ကုန်တိုက်အောက်မှာ ဆန္ဒပြပြီး သူတို့ကို ထိုက်တန်တဲ့ နစ်နာကြေး၊ ဒါမှမဟုတ် ဈေးဆိုင်ခန်းနေရာ အစားထိုးပေးဖို့၊ သူတို့ရင်ဆိုင်နေရတာကို နိုင်ငံတော်သမတကြီးက ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာမှာ အမျိုးသမီး ၂ ယောက်ကို မယကရုံးကို ခေါ်သွားတယ်လို့ သိရပါတယ်။

“ကုန်တိုက်ဝင်းထဲမှာ ပြတာ။ အာဏာပိုင်တွေက ဒီလိုမလုပ်နဲ့လို့ တားတယ်။ ပြီးတော့ ကျနော်တို့ကို ကုန်တိုက် ပြန်ဖွင့်ပေးဖို့ တရားမျှတစွာ ဖြေရှင်းပေးဖို့၊ နစ်နာကြေး ဒါမှမဟုတ် နေရာအစားထိုးပေးဖို့ တောင်းတာတွေရေးထားတဲ့ ဗီနိုင်းလ်ကို ကိုင်တဲ့ အမျိုးသမီး ၂ ယောက်ကို ခေါ်သွားတာ။ အခုထိတော့ သူတို့ ပြန်မရောက်သေးဘူး။ ကျန်တဲ့သူတွေက အခု ရုံးကိုလိုက်သွားနေကြတယ်” လို့ ဆိုင်ရှင်တယောက်က ဧရာဝတီကို ပြောပြပါတယ်။

ဆိုင်ခန်း ၉၈ ခန်းပါတဲ့ အဲ့ဒီ ပြည်မြန်မာကုန်တိုက်ကို စီးပွားကူးသန်း ၀န်ကြီးဌာနက ပိုင်တာဖြစ်ပြီး အခုလက်ရှိဆိုင်ခန်းတွေကို အငှားချထားတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကုန်တိုက်ဝင်းရဲ့ စုစုပေါင်း ဧရိယာ၊ ၁,၉၄၂၇.၇ ဧရိယာ စတုရန်းပေထဲက ပေ ၈၀၊ ၁၂၀ အကျယ်အ၀န်းကို စီးပွားကူးသန်းက လေလံတင် ရောင်းချခဲ့တာမှာ Myanmar Marketing and Research & Development Co., Ltd နဲ့ AA Medical Product Co,. Ltd က လေလံအနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။

လေလံရောင်းချပြီးတဲ့နောက်မှာတော့ လေလံတင်ဧရိယာထဲ မပါတဲ့ ကုန်တိုက်တခုလုံးက ဆိုင်ခန်းတွေကိုပါ ဖယ်ခိုင်းခဲ့တယ်၊ နောက်တော့ ဒီကုန်တိုက်ဟာ နိုင်ငံတော်ပိုင်ဖြစ်တာကြောင့် မကျူးကျော်ရဘူးဆိုပြီး ချိတ်ပိတ်ခဲ့တယ်၊ ဆိုင်ခန်းရှင်တွေဟာ နစ်နာကြေး ဒါမှမဟုတ် ဆိုင်ခန်းနေရာအစားထိုး ပြန်ပေးဖို့ သက်ဆိုင်ရာအဆင့်ဆင့်ကို စာတွေ ပေးပို့တောင်းဆိုခဲ့ပေမယ့် တခါမှမရခဲ့ဘူးလို့ ဆိုင်ရှင်တယောက်က ဧရာဝတီကို ပြောပြပါတယ်။

လက်ရှိအခြေအနေမှာတော့ ဆိုင်ခန်းကပစ္စည်းတွေကို ကားတွေပေါ်တင်ခိုင်း၊ သိမ်းခိုင်းနေတယ်လို့ ဆိုပါတယ်။ ဆိုင်ခန်းရှင်တွေကတော့ သူတို့ရဲ့ ရပိုင်ခွင့်တွေရဖို့၊ တရားမျှတစွာ ဆုံးဖြတ်စဉ်းစားပေးဖို့ အထက်အဆင့်ဆင့် နဲ့ သမတ ဦးသိန်းစိန်ဆီကို အသနားခံစာတင်မယ်လို့ ဆိုပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"