ထိပ်ဆုံး သတင်း :
Home » » နိုင်ငံရေးအကျဉ်းသား ၆၀၀ သာရှိဟု သမ္မတ အကြံပေးပြော

နိုင်ငံရေးအကျဉ်းသား ၆၀၀ သာရှိဟု သမ္မတ အကြံပေးပြော

10/17/2011 08:34:00 PMတွင်ရေးသည်

မြန်မာနိုင်ငံ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၆၀၀ ခန့်သာရှိရာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ထက်ဝက် ခန့် လွတ်မြောက်လာပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြီးခဲ့သည့်အပတ်က ဆွီဒင်နိုင်ငံပိုင်  ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။
ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် အောက်တိုဘာ ၁၂ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာမည့်သူများကို လာရောက် စောင့်ဆိုင်းနေသော အကျဉ်းသား မိသားစုဝင်များ (ဓာတ်ပုံ - AP)
နိုင်ငံရေးအကျဉ်းသား၂၀၀၀ ခန့်ရှိသည် ဆိုခြင်းသည် ချဲ့ကားပြောဆိုမှုများသာဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ဦးရေ ၃၀၀ ခန့် လွှတ်ပေးပြီး ဖြစ်သည့်အတွက် လွှတ်ပေးမှုနှုန်းမှာ နည်းပါးသည်ဟု မဆိုနိုင်ကြောင်း၊ မကြာမီကာလအတွင်း ထပ်မံလွတ် မြောက် လာဦးမည်ဟု ထင်ကြောင်း ပြောဆိုခဲ့သည်။
သို့ရာတွင် ပြည်တွင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုအဖွဲ့မှ ကိုတိုးကျော်လှိုင်ကမူ အစိုးရနှင့် နိုင်ငံရေးအဖွဲ့အစည်းများအကြား နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ စာရင်းကွဲလွဲနေသည်ဟု ပြောသည်။
၎င်းတို့ အဖွဲ့ ပြုစုထားသည့် နိုင်ငံရေးအကျဉ်းသား ဦးရေမှာ လက်ရှိ ၁၂၀၀ နီးပါး ကျန်ရှိမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
အဆိုပါ စာရင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက လွတ်မြောက်လာသည့် ဦးရေကို ထုတ်နုတ်ထားပြီးဖြစ်သည်ဟု ဆိုသည်။
“စာရင်းကွာခြားနေတယ်ဆိုတာ အစိုးရက နိုင်ငံရေးသီးသန့် ပုဒ်မတပ်ထားတဲ့သူတွေ စာရင်းကို ကိုင်ပြောနေလို့ဖြစ်လိမ့်မယ်”ဟု ကိုတိုးကျော်လှိုင် က ပြောသည်။
အစိုးရအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူတချို့ကို ပုဒ်မ ၅(ည)၊ ပုဒ်မ ၅၀၅(ခ) စသည့် နိုင်ငံရေး ပုဒ်မများဖြင့် အမှုဖွင့်ဖမ်းဆီးခြင်း မပြုဘဲ၊ အီလက်ထရွန်နစ် အက်ဥပဒေ၊ တရားမ၀င်နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှု၊ ဗုံးဖောက်ခွဲရန် ကြံစည်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ ပုံနှိပ် အက်ဥပဒေ စသည့် ဥပဒေပုဒ်မ များဖြင့် စွဲဆိုကြောင်း၊ ထို့ကြောင့် စာရင်းကွာဟမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်နိုင်ကြောင်း ကိုတိုးကျော်လှိုင်က ပြောဆိုသည်။
ထို့အပြင်အစိုးရနှင့် နိုင်ငံရေးလှုပ်ရှားသူများအကြား“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ”ဆိုသည့် စကားရပ် အပေါ်တွင် အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် ပတ်သက်၍လည်း ကွဲလွဲမှုများ ရှိနိုင်သည်ဟု ၎င်းကဆိုသည်။
နိုင်ငံတကာ စံသတ်မှတ်ချက်အရမူ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ”ဆိုသည်မှာ အစိုးရနှင့် ဘာသာရေးအရ လည်းကောင်း၊ ယုံကြည်ချက် အရလည်းကောင်း အမြင်ကွဲလွဲပြီး အကျဉ်းချခံထားရသူများကို ဆိုလိုသည်။
အစိုးရက ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်နေ့(အဘိဓမ္မာ အခါတော်နေ့)တွင် အကျဉ်းသား ၆၃၅၉ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေး ရာတွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ဟု ဖော်ပြခြင်းမပြုပေ။
ယနေ့ထုတ် ပြည်တွင်းအခြေစိုက် The Voice ဂျာနယ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၂၈၀ ခန့် ပြန်လည်လွတ် မြောက်လာသည်ဟု ရေးသားထားသည်။
ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က လည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းနှင့် ယခု လွတ်မြောက်လာသည့် စာရင်းကို ပြုစုနေကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ပြောသည်။
 
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"