ထိပ်ဆုံး သတင်း :
Home » » ကချင် ပြည်တွင်းစစ်ပေါ် နယူးဒေလီမှာ ဆုတောင်းပွဲ ပြုလုပ်

ကချင် ပြည်တွင်းစစ်ပေါ် နယူးဒေလီမှာ ဆုတောင်းပွဲ ပြုလုပ်

10/24/2011 03:35:00 PMတွင်ရေးသည်


8-ning-hpring
အိန္ဒိယမြို့တော် နယူးဒေလီတွင် ကချင်အမျိုးသားများ ဆုတောင်းပွဲ ပြုလုပ်နေပုံ
ပြည်တွင်းစစ်ဖြစ်နေသော မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်အတွက် “အထူး အစာရှောင်ဆုတောင်းပွဲ” ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကချင်အမျိုးသားများ အောက်တိုဘာ ၂၂ ရက်၊ စနေနေ့ကပြုလုပ်ခဲ့သည်။
အိန္ဒိယ စံတော်ချိန် နံနက် ၆ နာရီမှစသော အစီစဉ်တွင် “ကချင်ပြည်နယ်တွင် ဖြစ်နေသောစစ်ပွဲများ၊ စစ်ပြေး ဒုက္ခသည်များ၊ ပြည်သူလူထုများနှင့် KIO/KIA အဖွဲ့အတွက် တစ်နေ့လုံး အတူတကွ ဆုတောင်းခဲ့သည်” ဟု ပါဝင်ဆုတောင်းသူများ ဆိုသည်။

ဆုတောင်းသူများက “စစ်ဒဏ်ကို ခံစားနေသော ကချင်အမျိုးသားများပေါ် ဘုရားသခင်မှ အကောင်းဆုံး ပြင်ဆင် လမ်းပြပေးမည် ဟု မျှော်လင့်ထားကြကြောင်း” KNG နယူးဒေလီ သတင်းထောက် ဇော်ရော် မှ ပြောသည်။

နယူးဒေလီ အထူး အစာရှောင်ဆုတောင်းခြင်းအစီစဉ်သို့ ကချင်အမျိုးသားများအပြင် အခြား မြန်မာတိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ ကရင်နှင့် ချင်းများလည်း ပါဝင်ကြောင်းသိရသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"