Tuesday, October 25, 2011

ဝန်ကြီး​ဌာန​တွေက လွှတ်​တော်ထဲမှာ လိမ်လည်​နေတယ် – ​ရှေ့​နေ့​ကိုဖိုး​ဖြူ

လယ်သမား​ တွေနဲ့​ ကုမ္ပဏီကြီး​တွေ ပူး​ပေါင်း​လုပ်​ဆောင်ရာမှာ လယ်သမား​တွေ လယ်ယာ​မြေဆုံး​ရှုံး​နေကြရတာကို ထိန်း​သိမ်း​ ကြီး​ကြပ်​ပေး​ဖို့​၊​ လယ်သမား​တွေရဲ့​ လယ်ယာ​မြေ​တွေကို ကုမ္ပဏီ​တွေက သိမ်း​ယူခွင့်​မရှိ​စေ​ရေး​အဆိုကို တနင်္လာ​နေ့​က ပြုလုပ်တဲ့​ အမျိုး​သား​လွှတ်​တော် အစည်း​အ​ဝေး​က ပယ်ချလိုက်ပါတယ်။
ရန်ကုန်တိုင်း ​ဒေသကြီး​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဆွေ​အောင်က ဒဂုံမြို့​သစ် မြို့​နယ် သုံး​ခုအတွင်း​မှာ လယ်သမား​တွေရဲ့​ လယ်​တွေကို ကုမ္ပဏီ​တွေက သိမ်း​ယူထား​တဲ့​အ​ပေါ် ပြန်လည် ကြီး​ကြပ်သုံး​သပ်​ပေး​ဖို့​ တင်ပြခဲ့​တဲ့​အဆိုကို လယ်ဆည် ဒု- ဝန်ကြီး​ ဦး​ခင်​ဇော်က ပြန်လည်ရှင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ပါတယ်။
လယ်ဆည် ဒု-ဝန်ကြီး​ရဲ့​ ရှင်း​လင်း​တင်ပြချက်​တွေအရ လယ်ယာ​မြေ​တွေဟာ မြို့​ပြဖွံ့​ဖြိုး​ရေး​အတွက် လယ်ယာ​မြေ နိုင်ငံပိုင်ပြုလုပ်​ရေး​ ဥပ​ဒေအရ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာကတည်း​က သိမ်း​ခဲ့​တဲ့​ လယ်​တွေဖြစ်ပြီး​ မြို့​ပြဖွံ့​ဖြိုး​ရေး​ မလုပ်နိုင်လို့​ ကုမ္ပဏီ ၁၆ ခုက​နေ အထူး​ လယ်ယာစိုက်ပျိုး​ရေး​ဇုန်​တွေလုပ်တဲ့​ ကိစ္စလည်း​ဖြစ်တယ်။ ဒါ​ကြောင့်​ လယ်ယာလုပ်ပိုင်ခွင့်​ ဆုံး​ရှုံး​ခြင်း​ကိစ္စနဲ့​ မဆိုင်ဘူး​ဆိုပြီး​ လွှတ်​တော်ဥက္ကဋ္ဌက ပယ်ချခဲ့​ပါတယ်။
ဒဂုံမြို့​သစ် သုံး​မြို့​နယ်တွင်း​က လယ်ဧက​ပေါင်း​ ​ခြောက်​သောင်း​ကျော်ကို မြို့​ပြဖွံ့​ဖြိုး​ရေး​ ပြုလုပ်ဖို့​ဆိုပြီး​ ၁၉၈၉ ခုနှစ်က သိမ်း​ယူခဲ့​တာပါ။ ၂၀၀၈ ခုနှစ်မှာ စိုက်ပျိုး​ရေး​ အထူး​ဇုန်လုပ်ဖို့​အတွက် ကုမ္ပဏီ ၁၆ ခုကို လယ်ဧကတ​သောင်း​လောက် လုပ်ကွက်ချထား​ပေး​ခဲ့​တာပါ။
အခု​တော့​ လွှတ်​တော်က ဒီကိစ္စဟာ လယ်သိမ်း​တဲ့​ကိစ္စမဟုတ်ဘူး​ဆိုပြီး​ ပယ်ချလိုက်ပါတယ်။
ဒဂုံမြို့​သစ် ​နေ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေအ​ရေး​ လိုက်လံ ​ဆောင်ရွက်​ပေး​နေတဲ့​ ​ရှေ့​နေ ကိုဖိုး​ဖြူက​တော့​ ဝန်ကြီး​ဌာန​တွေက လွှတ်​တော်ထဲမှာ လိမ်လည်​နေတယ်လို့​ တုံ့​ပြန်​ပြောကြား​လိုက်ပါတယ်။
ရှေ့​နေ ကိုဖိုး​ဖြူကို ဆက်သွယ်​မေး​မြန်း​ချက်။
မ ​နေ့​က လွှတ်​တော်မှာ လယ်ဆည် ဒုဝန်ကြီး​က ဒဂုံမြို့​သစ် သုံး​မြို့​နယ်မှာ သိမ်း​ထား​တဲ့​ လယ်​တွေက ရန်ကုန်တိုင်း​ ​ဒေသကြီး​ကလည်း​ ​လျော်​ကြေး​တွေ​ပေး​ပြီး​ပြီ။ ဒီလယ်​တွေက စီမံကိန်း​ဝင် လယ်​တွေ​ပေါ့​။ ကုမ္ပဏီ​တွေက လုပ်တဲ့​သူလည်း​ရှိတယ်၊​ မလုပ်တဲ့​သူလည်း​ရှိတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ပြန်​ပေး​ဖို့​အ​ကြောင်း​မရှိဘူး​လို့​ ​ပြောလိုက်ပြီ။ အဲဒါနဲ့​ပတ်သက်ပြီး​ ကိုဖိုး​ဖြူတို့​ လယ်သမား​အ​ရေး​ လုပ်တဲ့​သူ​တွေအ​နေနဲ့​ ဘယ်လိုမြင်လဲ။
ရှေ့နေကိုဖိုးဖြူ
“ပထမဆုံး​ ပြောချင်တာ​တော့​ တစ်အချက်က တရား​မျှတမှု လုံး​ဝကင်း​မဲ့​နေတယ်လို့​ ​ပြောချင်ပါတယ်။ ဒုတိယတချက်က​တော့​ ဥပ​ဒေနဲ့​ လုံး​ဝညီညွတ်ခြင်း​မရှိပါဘူး​လို့​ ​ပြောချင်ပါတယ်။ ​နောက်တချက်က​တော့​ အ​ကြောင်း​အချင်း​အရာ တင်ပြချက်​တွေက မမှန်ကန်ပါဘူး​လို့​ ကျ​နော်​ပြောချင်ပါတယ်။ အဲ​တော့​ ပထမဆုံး​အချက်အ​နေနဲ့​ ကျ​နော်​ပြောချင်တယ်။
“တရား​မျှတမှု လုံး​ဝမရှိဘူး​ဆိုတာက အစိုး​ရမြို့​ပြအိမ်ရာ၊​ အစိုး​ရရုံး​စိုက်ရာ​နေရာမှာ မြို့​ပြအိမ်ရာပြုလုပ်ဖို့​အတွက် ဒီလယ်​မြေ​တွေကို (လန- ၃၉) နိုင်ငံပိုင်ပြုလုပ်တဲ့​ ဥပ​ဒေ ၃၉ အရ ဒါ​တွေကို သတ်မှတ်လိုက်တာ။ တကယ်တမ်း​ကျ​တော့​ ဒီ​ပေါ်မှာ​ဆောက်လုပ်မယ့်​ဟာကို ​နေပြည်​တော်မှာပဲ ​ဆောက်လုပ်ဖြစ်သွား​တယ်။ ဒီလယ်​မြေ​တွေဟာ လန-၃၉ လုပ်ထား​တယ်ဆိုတဲ့​ ​နေရာ​တွေဟာ တစ်အချက် ​တောင်သူလယ်သမား​တွေ စိုက်ပျိုး​နေတဲ့​နေရာ​တွေဖြစ်တယ်။ အဲ​တော့​ တကယ်တမ်း​ အစိုးရ အိမ်ရာလုပ်မှာလည်း​ မဟုတ်ဘဲနဲ့​ လုပ်ဖို့​အတွက်လည်း​ အစီအစဉ်မရှိ​တော့​ဘူး​မှန်း​ သိလျက်နဲ့​ ဒါကြီး​ကို အိုး​အိမ်က ဆက်ယူထားတယ်။ ​နောက်တခါ ယခင်တိုင်း​မှူး​က​နေ ဆက်လက်ယူထား​ပြီး​တော့​ ဒါကိုနိုင်ငံ​တော်က စိုက်ပျိုး​ရေး​စီမံကိန်း​ ​နေရာလုပ်ပါတယ်။ ကုမ္ပဏီကို​ပေး​လိုက်ပါတယ်ဆိုတာ ​တောင်သူ​တွေလက်ငုပ်လုပ်​နေမှန်း​ကို သိလျက်နဲ့​ ကုမ္ပဏီ​တွေလုပ်ခွင့်​ရ​အောင် လုပ်​ပေး​လိုက်တာက​တော့​ မျှတမှုလုံး​ဝမရှိပါဘူး​။
“ဒုတိယအချက်က​ တော့​ ဥပ​ဒေနဲ့​လုံး​ဝ မညီညွတ်တဲ့​ကိစ္စကို ​ပြောပါမယ်။ မူလ​တောင်သူ​တွေဆီက ပဋိညာဉ်ခံပြီး​၊​ အာမခံပြီး​ ​နောက်ပြီး​တော့​ စာချုပ်စာတမ်း​နဲ့​မဟုတ်​တောင် စာချုပ်စာတမ်း​ဥပ​ဒေအရ အာဏာသက်ဝင်သကဲ့​သို့​ ပဋိညာဉ်ဥပ​ဒေအရ အာဏာသက်ဝင်သကဲ့​သို့​ ကမ်း​လှမ်း​ချက်​တွေရှိတယ်။ အဲဒါက အကျိုး​တူလုပ်မယ်ဆိုတဲ့​ကမ်း​လှမ်း​ချက်​တွေရှိတယ်။ တ​ယောက်နဲ့​တ​ယောက် အတူတူ လုပ်ကြမယ်။ လိုအပ်တဲ့​ စွမ်း​အား​စု​တွေကုမ္ပဏီက ဖြည့်​ပေး​မယ်။ ​တောင်သူလယ်သမား​တွေက အကျိုး​တွေကို ခံစား​ရမယ်ဆိုတာမျိုး​ကို ပဋိညာဉ်လုပ်ပြီး​ ဒီလိုပဋိညာဉ်ကမ်း​လှမ်း​ချက်ကို သ​ဘောတူလို့​သာလျှင် ​တောင်သူလယ်သမား​တွေကလည်း​ သ​ဘောတူခဲ့​ပြီး​ တဲ​တွေဖယ်​ပေး​တယ်၊​ ​ရွှေ့​ပေး​တယ်။ အတူတူ တကယ်လုပ်လည်း​လုပ်​ရော ရှုံး​တယ်ဆိုပြီ​တော့​ ​တောင်သူကို မဖြစ်စ​လောက်​ငွေ​ကြေး​လေး​ပေး​ပြီး​ နှင်ထုတ်လိုက်တယ်။ ဒါက​တော့​ ဥပ​ဒေနဲ့​လုံး​ဝမညီညွတ်တဲ့​ကိစ္စ။
“တတိယ တချက်က​တော့​ အချက်အလက်လွှဲမှား​တာ​တွေ။ ဘယ်ကုမ္ပဏီမှ အပြည့်​မစိုက်နိုင်ဘူး​။ ဘယ်ကုမ္ပဏီမှလည်း​ စပါး​တင်း​တွေကို ​တောင်သူလယ်သမား​တွေ ထွက်သလိုထွက်​အောင် စိုက်ပျိုး​နိုင်တာမျိုး​ကိုလည်း​ မလုပ်နိုင်ဘူး​။ တကယ့်​နည်း​ပညာ​တွေလည်း​ ​ရောက်လာတာမျိုး​ မရှိသလို တကယ့်​စိုက်ပျိုး​တဲ့​ အတတ်ပညာနဲ့​ ပတ်သက်လို့​လည်း​ ဘာမှမရှိဘူး​။ ကုမ္ပဏီ​တွေ​ရောက်လာတဲ့​အတွက် လယ်ယာ​မြေ​တွေဟာ ဓာတုဓာတ်​မြေဩဇာ သုံး​လို့​ လယ်​မြေပျက်စီး​တာပဲ ရှိတယ်။ ​တောင်သူ​တွေထမင်း​ငတ်သွား​တယ်။ အလုပ်လက်မဲ့​တွေဖြစ်သွား​တယ်။ လယ်ငှား​လုပ်သား​တွေ အလုပ်လက်မဲ့​တွေ ဖြစ်ကုန်တယ်။ မိသား​စု​တွေ ဘဝ​တွေဒုက္ခ​ရောက်ကုန်တယ်။ ဖွံ့​ဖြိုး​လာတယ်။ တိုး​တက်လာတယ်ဆိုတဲ့​ လယ်ဆည်ဒုဝန်ကြီး​က လွှတ်​တော်မှာ ​ဖြေရှင်း​သွား​တဲ့​အချက်ဟာ မှား​ယွင်း​ပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ပြည်သူတရပ်လုံး​ကို ကျ​နော်​ပြောချင်ပါတယ်။ ​တောင်သူလယ်သမား​ထု တရပ်လုံး​ကို ​ပြောချင်ပါတယ်။ ဝန်ကြီး​ဌာန​တွေက လွှတ်​တော်မှာ လိမ်လည်​နေတယ်။ ကျ​နော်တို့​ပြည်သူ​တွေက သတင်း​စာ​တွေက​နေ အညံ့​ခံ​နေလို့​မရဘူး​။ ကိုယ့်​အား​ကိုယ်ကိုး​ပြီး​တော့​ ဝိုင်း​ချရ​တော့​မယ်၊​ ကိုယ့်​ဟာကို ကြိုး​စား​ရ​တော့​မယ်။ ရုန်း​ကန်ရ​တော့​မယ်။ ကိုယ့်​ကံကြမ္မာ ကိုယ်ဖန်တီး​ရ​တော့​မယ့်​အချိန်ကို ​ရောက်​နေပြီလို့​ ကျ​နော်​ပြောချင်ပါတယ်။”
သူတို့ ​ရဲ့​ဖြေရှင်း​ချက်ထဲမှာဘာပါသလဲဆို​တော့​ လယ်သမား​တွေအတွက်လည်း​ လယ်ယာ​မြေနဲ့​ပတ်သက်တဲ့​ ဥပ​ဒေ​တွေ ပြဋ္ဌာန်း​ဖို့​ ပြင်ဆင်​ရေး​ဆွဲ​နေပါတယ်​ပေါ့​။ ဒီ​တောင်သူလယ်သမား​ အကျိုး​အတွက် တကယ်ရှိသင့်​တဲ့​ လယ်ယာ​မြေဥပ​ဒေ​တွေက ဘယ်လိုမျိုး​ အခုချိန်မှာ ရှိ​နေသင့်​ပြီဆိုတာလဲ ​ပြောပြ​ပေး​ပါဦး​။
“​ တောင်သူလယ်သမား​တွေမှာ ဥပ​ဒေမဲ့​လယ်ယာလက်လွတ် ဆုံး​ရှုံး​နေရတဲ့​ ကိစ္စရပ်​တွေကို ​ပြေလည်​အောင် ​ဖြေရှင်း​ပေး​နိုင်မယ့်​ ဥပ​ဒေ​ကြောင်း​အရလည်း​ ​ဖြေရှင်း​ရမယ်။ သင့်​တင့်​လျောက်ပတ်တဲ့​ လုပ်ထုံး​လုပ်နည်း​တွေကို ပြဋ္ဌာန်း​ပေး​နိုင်တဲ့​ အ​ခြေအ​နေ​ပေါ်​ပေါက်ဖို့​ လိုအပ်​နေပါတယ်။”
ကိုဖိုး ​ဖြူက လယ်သမား​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​သူဆို​တော့​ လယ်သမား​တွေနဲ့​ ပတ်သက်ပြီး​ အဲဒီကိစ္စကို ဆက်ပြီး​ဘယ်လို​ဆောင်ရွက်သွား​မလဲ။ ဘယ်လိုရင်ဆိုင်​ဖြေရှင်း​သွား​မယ်ဆိုတာကို ​ပြောပြ​ပေး​ပါခင်ဗျ။
“ကုမ္ပဏီ​ ပေါင်း​မြောက်မြား​စွာ မြန်မာနိုင်ငံမှာ ရှိပါတယ်။ အာဏာပိုင်နဲ့​ လက်ဝါး​ရိုက်ပြီး​တော့​ ​တောင်သူ​တွေဆီက​နေ ဥပ​ဒေမဲ့​ တရား​လက်လွတ် ဒီလိုသိမ်း​ယူတဲ့​ ကုမ္ပဏီ​ပေါင်း​ ​မြောက်မြား​စွာရှိတယ်။ မြန်မာနိုင်ငံတဝှမ်း​လုံး​ ခံစား​နေကြရတယ်။ ​ပြော​တော့​ စက်မှု​ဒေသဖွံ့​ဖြိုး​ရေး​ ဆိုတဲ့​ကိစ္စမျိုး​ကို ​ပြောတယ်။ တကယ်တမ်း​ ဥပ​ဒေ​တွေလည်း​ဖွံ့​ဖြိုး​တာမဟုတ်ဘူး​။ စက်မှု​တွေလည်း​ ဖွံ့​ဖြိုး​တာမဟုတ်တဲ့​ အ​ခြေအ​နေမျိုး​တွေ ကြုံ​တွေ့​နေရတယ်။ လယ်ယာ​မြေ​တွေကို ဥပ​ဒေမဲ့​ လက်လွတ်ဆုံး​ရှုံး​ခြင်း​တွေ မဖြစ်​ပေါ်ရ​အောင် မူဝါဒအရကို ပြည်​ထောင်စုလွှတ်​တော်က​နေ အကာအကွယ်​ပေး​နိုင်တဲ့​ ဥပ​ဒေပြဋ္ဌာန်း​ချက်မျိုး​တွေ ဖြစ်​ပေါ်လာ​အောင် မူအရကို ကာကွယ်​ပေး​လာနိုင်​အောင် ကျ​နော်တို့​ ဆက်လက်ကြိုး​စား​ရပါဦး​မယ်။ ကြိုး​စား​မှသာလျှင် နိုင်ငံတဝန်း​လုံး​မှာရှိတဲ့​ ပြည်သူတရပ်လုံး။ ​တောင်သူလယ်သမား​ထုတရပ်လုံး​ကို အကာအကွယ်​ပေး​နိုင်မှာဖြစ်ပါတယ်။”

No comments:

Post a Comment