ထိပ်ဆုံး သတင်း :
Home » » ဂျိုဟန်နက်စဘတ် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မေးဖြေပွဲ ကျင်းပ

ဂျိုဟန်နက်စဘတ် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မေးဖြေပွဲ ကျင်းပ

10/04/2011 12:35:00 PMတွင်ရေးသည်

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ် တက္ကသိုလ်က ကျောင်းသား ကျောင်းသူတွေ အပါအ၀င် မြန်မာအရေး စိတ်ဝင်စားသူတွေက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာနက် ဗွီဒီယိုကနေ တဆင့် မနေ့က တိုက်ရိုက် အမေးအဖြေ လုပ်ခဲ့ပါတယ်။
RFA
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ် တက္ကသိုလ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့အပ်နှင်းပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်အမေးအဖြေပြုလုပ်မည့် လူထုပညာပေးအစီအစဉ်သို့ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားစာ ဖြစ်ပါသည်။
မေးခွန်းတွေကို ဖြေဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်ရေးနဲ့ ဒီမိုကရေစီရေးကို ပြီးပြည့်စုံအောင် တည်ဆောက်ရာမှာ ဘယ်လောက် ခက်ခဲတယ် ဆိုတာ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက ညွှန်ပြနေကြောင်း၊ အဲဒီလို ပဋိပက္ခတွေ ဖြစ်နေရတဲ့ အကြောင်းရင်း အနေအထားတွေကြောင့် မိမိတို့နိုင်ငံ ပြိုကွဲသွားမှာကို အားလုံးက စိုးရိမ်လိမ့်မယ်လို့ မိမိထင်မြင်ကြောင်း၊ အဲဒီလို အခြေအနေတွေ ဖြစ်ပေါ်နေပေမဲ့လည်း မိမိတို့ရဲ့ နှလုံးသားထဲ၊ စိတ်ဓါတ်ထဲမှာ စစ်မှန်တဲ့ ပြည်ထောင်စုကို ရရှိကြဖို့ ရည်မှန်းထားကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိက လွတ်မြောက်ရေး လှုပ်ရှားမူကို အားကျတဲ့ အကြောင်း ပြောကြားခဲ့တာ တွေ့ရတယ်လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ တဦးဖြစ်တဲ့ တောင်အာဖရိက နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ လွတ်မြောက်ရေး လှုပ်ရှားမှု FBC အဖွဲ့ဝင်တဦး ဖြစ်တဲ့ ကိုမျိုးနိုင်က RFA ကို ပြောပြပါတယ်။ ဒီကနေ့မှာတော့ တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စဘတ် တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားနဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြင့်မှာ ဖြစ်ပြီး အဝေးရောက် ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ကိုယ်စား လက်ခံမှာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲ အကြောင်းနဲ့ တောင်အာဖရိက နိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး ကိုခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"