ထိပ်ဆုံး သတင်း :
Home » » လယ်လုပ်ခွင့်ပြုရေး ရန်ကုန်တွင် လယ်သမားများ ဆန္ဒပြ

လယ်လုပ်ခွင့်ပြုရေး ရန်ကုန်တွင် လယ်သမားများ ဆန္ဒပြ

10/27/2011 10:00:00 PMတွင်ရေးသည်

ဒဂုံမြို့သစ်မြို့နယ်က  လယ်သမားတွေ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာရုံးရှေ့မှာ ဒီနေ့မနက် ၉ နာရီလောက်က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။သတင်းသွားယူတဲ့ ပြည်တွင်း သတင်းထောက်တဦးက “ကျနော်တို့ ရောက်တော့ ရဲတွေပဲ ရှိတော့တယ်။ ပြီးသလောက်ဖြစ်နေပြီ။ ဆန္ဒပြ လယ်သမားတွေတော့ တွေ့လိုက်တယ်။ ကျနော်တို့ရောက်တဲ့အချိန်မှာ သူတို့ လူစုခွဲလိုက်ပြီ။ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြနေတဲ့နေတာတော့ တွေ့လိုက်တယ်။ ဖမ်းတာဆီးတာတော့ မတွေ့ဘူး။ လူအုပ်ကြီး ပြန်သွားတာတွေ့တယ်။
ကိုဖိုးဖြူတော့ နေခဲ့တယ်။ နေခဲ့တယ်ဆိုတာ ကျနော်တို့ ရုံးကိစ္စဆောင်ရွက်စရာ ရှိသေးတယ်တဲ့။ အဲဒါကြောင့်နေခဲ့တာ။ ဆိုင်းဘုတ်တွေကိုတော့ ရဲကားပေါ် တင်သွားတယ်။ လယ်လုပ်ခွင့်ပဲ ပြန်လိုချင်တယ်။ လျော်ကြေးမလိုချင်တဲ့ ပုံစံမျိုး ရေးထားတာ တွေ့တယ်” လို့ ပြောပါတယ်။
လယ်သမား ၅၀ လောက်ပါဝင်တဲ့ ဆန္ဒပြမှုစတင်ပြီး နာရီဝက်လောက် အကြာမှာ  လုံထိန်းရဲကားတွေ ရောက်လာပြီး ဥပဒေနဲ့ မညီညွတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တားလို့ လူစုခွဲလိုက်ကြပါတယ်။
သတင်းထောက်ပြောတဲ့ ကိုဖိုးဖြူဟာ ဒဂုံမြို့သစ်က လယ်သိမ်းခံရတဲ့ လယ်သမားတွေအရေး လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေနေတဦး ဖြစ်ပါတယ်။ ကိုဖိုးဖြူကို ဒီနေ့တနေ့လုံး ဆက်သွယ်လို့ မရပါဘူး။
ဆန္ဒပြပွဲဦးဆောင်သူ ကိုဖိုးဖြူကို အစိုးရအရာရှိကြီးတဦးက ခေါ်ယူစစ်ဆေး မေးမြန်းနေတယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။
ဒဂုံမြို့သစ်သုံးမြို့နယ်အတွင်းက လယ်ဧကပေါင်း ခြောက်သောင်းကျော်ကို မြို့ပြဖွံ့ဖြိုးရေးလုပ်ဖို့ မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ၁၉၈၉ ခုနှစ်ကတည်းက သိမ်းယူခဲ့တာပါ။
၂၀၀၈ ခုနှစ်မှာ စိုက်ပျိုးရေးအထူးဇုန်လုပ်ဖို့ ကုမ္ပဏီ ၁၆ ခုကို လယ်ဧကတသောင်းလောက် လုပ်ကွက်ချထားပေးခဲ့တာပါ။
လယ်သမားတွေက သူတို့လယ် သူတို့ ပြန်လုပ်ခွင့်ပေးဖို့ တလျှောက်လုံး တောင်းဆိုနေကြတာပါ။
ပြီးခဲ့တဲ့ တနင်္လာနေ့ကလွှတ်တော်မှာ ဒီလယ်တွေကို သိမ်းပြီးဖြစ်လို့ ပြန်လုပ်ခွင့်မပြုတော့တဲ့အကြောင်း လယ်ဆည်ဒုဝန်ကြီးက ပြောခဲ့သလို လွှတ်တော်ဥက္ကဋ္ဌကလည်းလယ်သိမ်းတဲ့ကိစ္စမဟုတ်ဘူးဆိုပြီးပယ်ချခဲ့လို့
ဒဂုံမြို့သစ်က လယ်သမားတွေစုပြီး ဆန္ဒပြတဲ့ထိ ဖြစ်လာတာပါ။
လယ်ယာမြေဥပဒေသစ် ရေးဆွဲနေပြီဖြစ်ပြီး ဥပဒေပေါ်ထွက်လာရင် လယ်မြေအသုံးချတာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကာကွယ်ဖြေရှင်းပေးနိုင်မယ်လို့ အောက်တိုဘာ ၂၄ ရက်က လွှတ်တော်မှာ ပြောသွားပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"