ထိပ်ဆုံး သတင်း :
Home » » ကချင်မြို့တော် မြစ်ကြီးနား မြို့ခံ ၂၀ အား မြန်မာစစ်တပ်မှ ပေါ်တာဆွဲ

ကချင်မြို့တော် မြစ်ကြီးနား မြို့ခံ ၂၀ အား မြန်မာစစ်တပ်မှ ပေါ်တာဆွဲ

10/17/2011 10:58:00 PMတွင်ရေးသည်

kachin-manau
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား။
မြန်မာစစ်တပ်က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ ဒေသခံ ၂၀ ကို အောက်တိုဘာလ ၁၆ ယမန်နေ့ည ၇ နာရီနှင့် ၈နာရီကြား ပေါ်တာဆွဲခေါ်ခဲ့ကြောင်းဒေသခံများပြောသည်။
၎င်းတို့သည် မြစ်ကြီးနားမြောက်ဘက်ရှိ မန်ခိန်နှင့် ရွှေဇက် ကချင်ကျေးရွာ ၂ ခုမှ ဖြစ်သည်ဟု ဒေသခံများပြောသည်။

ဖမ်းစီးခေါ်ဆောင်သွားသော စစ်တပ်များသည် မြစ်ကြီးနားမှ မြောက်ဘက် ၇ မိုင်အကွာရှိ ပလန ကျေးရွာ (မြစ်ကြီးနား) အခြေစိုက် ခလရ (၂၉)တို့ဖြစ်သည်။

ပေါ်တာမဆွဲခင် အစောပိုင်းကလည်း  ခလရ (၂၉)မှစစ်သားများ ကားတစ်စီးဖြင့် ယင်းရပ်ကွက် ၂ ခုမှ အုပ်ချုပ်ရေးမှူးများသို့သွားရောက်ပြီး ကျေးရွာတစ်ရွာမှ လူအယောက် ၅၀ စီ ပေါ်တာအတွက် ရှာပေးရန် အမိန့်ပေးခဲ့သေးသည်ဟု ဒေသခံများပြောသည်။

သို့ပေမဲ့ ရွာလူကြီးများက ထိုသို့ပြုလုပ်ခြင်းသည် မကောင်းကြောင်းပြောပြီး မလုပ်ရန်တားမြစ်ခဲ့ရာ စစ်သားများက “ရွာလူကြီးများ မရှာပေးလျှင် မိမိတို့ကိုယ်တိုင် တစ်အိမ်ချင်းစီဝင်ပြီး ပေါ်တာခေါ်ယူမည်” ဟု ပြောလာကြောင်း ဆက်၍သိရသည်။

ထိုသို့ သတိပေးလာခြင်းကြောင့် ရွာလူကြီးများက အိမ်ထဲကိုမ၀င်ပဲ လမ်းမပေါ်တွင် တွေ့သောသူများကို ပေါ်တာဆွဲရန် ခွင့်ပြုလိုက်သည်ဟု သိရသည်။

မြန်မာစစ်သားများသည် မြစ်ကြီးနားမှ အခြားကချင်ကျေးရွာ စီတာပူ၊ တပ်ကုန်း၊ ဒူကထောင်နှင့် ဧရာဝတီမြစ်တဖက်ကမ်း ၀ိုင်းမော်မြို့နယ်တွင်လည်း ပေါ်တာဆွဲခေါ်နေကြောင်း ဒေသခံများပြောသည်။

မြန်မာစစ်တပ်၏ ပေါ်တာအဖြစ် အဓ္ဓမ အဖမ်းခံရသူများကို စစ်ဝတ်စုံ ၀တ်ခိုင်းပြီး လက်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့်ဖြစ်နေသော ရှေ့တန်း နယ်မြေသို့ ခေါ်ဆောင်သွားလျပ်ရှိကြောင်း မျက်မြင်သက်သေများပြောသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"