ထိပ်ဆုံး သတင်း :
Home » » ၂၀၁၁ အကုန် အီရတ်ရှိ အမေရိကန်တပ်အားလုံး ရုပ်သိမ်းမည်

၂၀၁၁ အကုန် အီရတ်ရှိ အမေရိကန်တပ်အားလုံး ရုပ်သိမ်းမည်

10/22/2011 03:50:00 PMတွင်ရေးသည်

အီရတ်နိုင်ငံမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ အားလုံးကို ဒီနှစ်ကုန်မှာ ပြန်ရုပ်သိမ်းမယ်လို့ သမ္မတ ဘရက်အိုဘားမားက ကြေညာလိုက်ပါတယ်။ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ်မလိကီ (Nouri Al-Maliki) နဲ့ မနေ့တုန်းကပဲ ဗွီဒီယိုကနေတဆင့် ပြောဆိုဆွေးနွေးခဲ့ပြီးနောက်ပိုင်း သမ္မတအိုဘားမားက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အီရတ်မှာရှိတဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေ အားလပ်ရက်တွေ အတွက် အိမ်ကိုသေချာပေါက် ပြန်လာရပါ လိမ့်မယ်လို့ အိမ်ဖြူတော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ အခုလိုဆုံးဖြတ်ချက်ကို အီရတ်ဝန်ကြီးချုပ် မစ္စတာ မာလိကီရော၊ သူရော သဘောတူခဲ့ကြတာလို့လည်း ပြောပါတယ်။
http://media.voanews.com/images/uzbek_obama_iraq.jpg
နားဆင်ရန်...


အီရတ်နဲ့အမေရိကန် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ အပြန်အလှန် အကျိုးတူဆက်ဆံရေးနဲ့ အပြန်အလှန် လေးစားမှုတွေကို အခြေခံပြီး အခန်းကဏ္ဍသစ်တစ်ခုအနေနဲ့ ဖြစ်ပေါ်လာလိမ့်မယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အီရတ်နိုင်ငံတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်ဟာ အီရတ်ရဲ့လုပ်ဖော်ကိုင်ဖက်အဖြစ် ဆက်ပြီးရှိသွားမယ်လို့လည်း ဆိုပါတယ်။
အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို တခြားနိုင်ငံတွေကလည်း လေးစားလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက မျှော်လင့်တဲ့အကြောင်းလည်း သမ္မတအိုဘားမားက ပြောပါတယ်။
သမ္မတအိုဘားမားရဲ့ ကြေညာချက်ထွက်လာပြီး မကြာခင်မှာပဲ အီရတ်ဝန်ကြီးချုပ် မာလိကီ ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ ဒီနှစ်အကုန်မှာ အမေရိကန်တပ်ဖွဲ့တွေ အီရတ်ကနေ အပြည့်အ၀ ရုပ်သိမ်းပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးအသစ် စတင်ဖို့ သူနဲ့သမ္မတအိုဘားမားတို့ အမြင်သဘောထား တူညီခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၀၃ ခုနှစ်ကစခဲ့တဲ့ အီရတ်စစ်ပွဲမှာ အမေရိကန်စစ်သား ၄,၄၀၀ ကျော် ကျဆုံးခဲ့ရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"