ထိပ်ဆုံး သတင်း :
Home » » မြန်မာစစ်တပ် မလေးရှားမှာ စစ်ပညာသင်မည်

မြန်မာစစ်တပ် မလေးရှားမှာ စစ်ပညာသင်မည်

10/22/2011 10:25:00 PMတွင်ရေးသည်

မလေးရှား ကာကွယ်ရေးဝန်ကြီးဌာနက ကမ်းလှမ်းတဲ့ စစ်ရေးနည်းပညာ သင်တန်း ၁၆ ခုထဲက ၉ ခုကို မြန်မာ စစ်တပ် ထိပ်တန်းအရာရှိတွေ လာရောက်လေ့လာ သင်ကြားမယ်လို့ မလေးရှား အစိုးရ သတင်းဌာန Bernama က ဖော်ပြပါတယ်
AFP PHOTO/POOL/Soe Zeya Tun
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော်ဘက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် မြင်ကွင်းဖြစ်ပါသည်။
မြန်မာ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းဟာ မလေးရှားနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ရောက်ရှိနေပြီး သုံးရက်ကြာ ခရီးစဉ်အတွင်း မလေးရှား ကာကွယ်ရေး ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးပြီး နှစ်ဘက် သဘောတူခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

အခု သဘောတူညီချက်ဟာ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာအောင် ဆောင်ရွက်ချက် ဖြစ်တယ်လို့ မလေးရှား ကာကွယ်ရေးဝန်ကြီး မစ္စတာ Ahmed Zahid က ဆိုပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံက စစ်လက်နက်ပစ္စည်း ထုတ်လုပ်နည်းတွေကို လေ့လာမှာ ဖြစ်သလို မလေးရှားထုတ် စစ်လက်နက်ပစ္စည်းတွေကို လည်း မြန်မာအစိုးရက ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ဘယ်လိုပစ္စည်းတွေ ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

ဒုတိယဗိုလ်ချုပ်ကြီး လှမင်းရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်ဟာ နှစ်ပေါင်း ၃ဝ အတွင်း မြန်မာအစိုးရဘက်က ပထမဆုံးအကြိမ် သွားရောက်လည်ပတ် တာ ဖြစ်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"