မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆBန်းရဲ့ပုံကို အစိုးရရုံးတွေမှာ ချိတ်ဆွဲခွင့် ရှိမရှိဆိုတာကို လွှတ်တော်အမတ် တစ်ဦးက အစိုးရကို မေးမြန်းရာမှာ သမ္မတရုံး ဝန်ကြီးက လက်ရှိ နိုင်ငံတော်အကြီးအကဲပုံသာ ချိတ်ဆွဲခွင့် ပြုတယ်လို့ ပြန်ဖြေပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက သောကြာ နေ့က ပြည်သူ့လွှတ်တော်အတွင်းမှာ အစိုးရကို မေးမြန်းခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်း
သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်ကတော့ လက်ရှိ နိုင်ငံတော်အကြီးအကဲပုံသာ ခွင့်ပြုထားပြီး အရင်ခေါင်းဆောင်တွေပုံကို ခွင့်ပြုမထားဘူးလို့ ပြန်ဖြေတာ ကြားခဲ့ရကြောင်း လွှတ်တော်တက်ခဲ့သူ တခြား ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဦးသိန်းညွန့်က ဘီဘီစီကို ပြန်ပြောပြပါတယ်။
မေးမြန်းသူ ဦးထွန်းမြင့်ဦးဟာ အရင်က အထွေထွေ အုပ်ချုပ်ရေးက အစိုးရ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၁၉၉၇ ခုနှစ် လောက်ထိ သူတို့ရုံးမှာ ဗိုလ်ချုပ်ပုံကို ချိတ်ခဲ့တယ်လို့ ပြောကြောင်း သိရပါတယ်။

No comments:
Post a Comment