အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီးဦးအောင်ကြည်အားစက်တာဘာ(၃၀)ရက်မွန်းလွဲ (၁) နာရီမှ (၂:၁၇) နာရီ အထိ ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲ အြပီးတွင် အေထွထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့သည် ဧည့်ဂေဟာ အြပင်ဘက်တွင် လာရောက် စောင့်ဆိုင်းနြေကသော ပြည်တွင်း၊ ပြည်ပ စာနယ်ဇင်းများမှ သတင်းစာဆရာများအား လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ဝန်ကြီး ဦးအောင်ကြည်က ပူးတွဲကြေညာချက် တေစာင်ကို ဖတ်ကြားပြသည်။ ထို့နောက် သတင်းထောက်များ၏ မေးခွန်းများကို နှစ်ဦးစလုံးက ဖြေကြားကြသည်။
ကြေညာချက်နှင့်အမေးအဖြေ များကိုအောက်တွင်ဖေါ်ပြထားသည်။
ကြေညာချက်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီ မှ ၂ နာရီ ၁၇ မိနစ် အထိ လာရောက် တွေ့ဆုံခဲ့ပါသည်။
ယနေ့တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတြကီးက လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် စဉ်းစား ဆောင်ရွက်နေသည့်ကိစ္စ၊ ဧရာတီ မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊ ဥပဒြေပင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေသူများကို ဥပဒေဘာင် အတွင်း ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော် အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့်ကိစ္စများနှင့် ပြည်တွင်း တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးမူ့များကိုဆက်လက်ပြုလုပ်သွားရန် သဘောတူခဲ့ကြပါသည်။
အမေး အဖြေများ
မေး ။ ။ ကျနော် အောင်လှထွန်းပါခင်ဗျာ၊ ရိုက်တာသတင်းဌာနကပါ။ မေးခွန်းတခုထဲမေးခွင့်ရှိတာဆိုတော့ နဲနဲမေးခွန်းကနဲနဲပြည့်စုံချင်လို့။ ကျနော် နှစ်ယောက် စလုံးကိုမေးချင်တာပါ… အစ်မရော ဝန်ကြီးကိုရောမေးချင်ပါတယ်။ ဟိုလွန်ခဲ့တဲ့ တပတ်လောက်ကပေါ့လေ။ ဦးခင်အောင်မြင့်က ကဗ္ဘောဒီးယားမှာပြောသွားပါတယ်။
တကယ်လို့ အစ်မသာပါလီမန်ထဲကို ဝင်လာခဲ့မယ်ဆိုရင် လက်ကမ်းကြိုဆိုမယ်လို့ ပြောသွားပါတယ်။ အစ်မ ဝင်ဖို့ကျတော့ ကျနော်တို့ သိထားတာက တက်ကနီကယ်လီ နဲနဲအဆင်မပြေဖစ်နေပါတယ်။ အစိုးရဖက် အဲဒါကို ဝင်ဖို့အဆင်ပြေအောင် လုပ်ပေးနိုင်မဲ့အနေအထားရှိပါသလား။ ဒါကတော့ ဝန်ကြီးကို မေးတဲ့မေးခွန်းပါ ။
နောက်တပိုင်းကတော့ အစ်မကိုမေးတဲ့ မေးခွန်းပါ။ တကယ်လို့ အစိုးရဖက်ကသာ အဲဒါကိုနဲနဲပါးပါး ပြုပြင်ပေးမယ်ဆိုရင် NLD ကို ရက်ဂျီစတာလုပ်ပြီးတော့ ဘိုင်အီလက်ရှင်ဝင်ဖို့ အစီအစဉ် ရှိပါသလား။ အစ်မကိုယ်တိုင် ဝင်မယ်လို့များ မှန်းထားတာရှိပါသလား
ကျေးဇူးတင်ပါတယ် ခင်ဗျာ…..။
ဖြေ ။ ။ (ဦးအောင်ကြည်) ကျနော့်အနေနဲ့ ဦးစွာဖြေရမယ် ဆိုလို့ရှိရင် ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးသွားတဲ့ အချိန်မှာ ကျနော် တို့ NLD နဲ့ အတူတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့ အတွက် အြမဲတမ်း ကြိုဆိုလျှက်ရှိပါတယ် ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။
ဖြေ ။ ။ (ဒေါ်အောင်ဆန်းစုကြည်) ကျမ NLD အတွက် အားလုံးအတွက် ပြောပေးလို့မရဘူးလေ။ စီအီးစီကိုပထမတင်ပြရဦးမှာ ၊အဲတော့ စီအီးစီကိုတင်ပြပီးမှပဲကျမတို့ ဘယ်လိုဘယ်ပုံဆိုတာပြောမယ် ။
(ရွေးကောက်ပွဲဝင်ရေးကိစ္စ သတင်းထောက် ကထပ်ဆင့် မေးမြန်းသည်။)
ဖြေ ။ ။ (ဒေါ်အောင်ဆန်းစုကြည်) ကျမတို့က ရွေးကောက်ပွဲကိုမူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတာ ကျမတို့လက်ခံပြီးသားပါ။ ဒီတော့ ရွေးကောက်ပွဲဝင်ပုံဝင်နည်း၊ အခြေအနေ၊ အခင်းအကျင်းအရ ဒါကိုပဲ ကျမတို့က ကြည့်မှာ ဖြစ်ပါတယ် ။
မေးခွန်းတခုပဲကျန်ပါတော့ သည် ဟုဦးအောင်ကြည်မှ ကြားဖြတ်ပြောသည်။
မေး ။ ။ ဟုတ်ကဲ့ ဆက်ပြီးမေးချင်ပါတယ် ….ကျနော် ကဒေါက်တာဇော်သန်းပါ။ အဆာဟိရှင်ဘွန်းကပါ ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်ပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဒီမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကိုခေတ္တရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ အစ်မရဲ့ သဘောထားအြမင်ကိုသိချင်ပါတယ်။
ဖြေ ။ ။ (ဒေါ်အောင်ဆန်းစုကြည်) ကျမနားလည်သလောက် က ဒီမနက်ကနြေပီးတော့ လွှတ်တော်ကိုသမ္မတဆီကနေ သဝဏ်လွှာ ပို့တယ်လို့ ပြောပါတယ်။ အဲဒီ သဝဏ်လွှာမှာဆိုရင် သမ္မတြကီးကနြေပီးတော့ ပြည်သူလူထုရဲ့ စိုးရိမ်မှု့တွေ ကြောင့်ကြမှု့တွေကို ထောက်ထားပြီးတော့ မြစ်ဆုံရေကာတာစီမံကိန်းကိုရပ်ဆိုင်းထားမယ်လို့ ဒီလိုမှာကြားလိုက်တယ်လို့ ကျမနားလည်ပါတယ်။
ဒါကတော့ ကျမအြမင်မှာတော့ ပြည်သူ့ရဲ့ အသံကိုနားထောင် တယ်ဆိုတာအင်မတန်မှ ကောင်းပါတယ်။ ဒီဟာဟာ အစိုးရတိုင်း လုပ်ရမဲ့ကိစ္စပါ။ ပြည်သူရဲ့ အသံကိုနားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှု့တွေကိုတကယ်ပဲလေးလေးနက်နက် ထားပြီးတော့ဖြေရှင်းပေးရမယ်။
အဲဒါကြောင့်မို့လို့ ကျမဒါကို ကြိုဆိုပါတယ်။
ကဲ အားလုံးကျေးဇူးတင်ပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !