Saturday, October 29, 2011

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးနဲ့ ၈၈ မျိုးဆက်ကျောင်းသား ၅ ဦး တွေ့ ခွင့်တောင်း

မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံရေး အခြေအနေကို လေ့လာနေတဲ့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး မစ္စတာ Marty Natalegawa နဲ့ တွေ့ ဆုံပြီး ဆွေးနွေး တင်ပြနိုင်ရေး အတွက် လတ်တလော အကျဉ်းထောင်တွေက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက စာရေး တောင်းဆိုထားတယ်လို့ သိရပါတယ်။
http://burma.irrawaddy.org/wp-content/themes/telegraph/scripts/timthumb.php?src=http://burma.irrawaddy.org/wp-content/uploads/2011/10/22288-Indonesia670.jpg&h=160&w=280&zc=1
စာရေးသား တောင်းဆိုထားသူတွေ ကတော့ ကိုချစ်ကိုလင်း၊ ကိုသော်ဇင်ထွန်း၊ မနိုးနိုး၊ ကိုကိုကြီး (စမ်းချောင်း) နဲ့ ကိုဇော်ထက်ကို တို့ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့ ကတည်းက စာရေးသား တောင်းဆိုထားတာလို့ ကိုချစ်ကိုလင်း က အာအက်ဖ်အေကို ပြောပါတယ်။ သူတို့ ရေးသား တောင်းဆိုတဲ့ စာမှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက် မရှိ လွှတ်ပေးရေး၊ တိုင်းရင်းသား နယ်မြေတွေက ထိုးစစ်တွေ ရပ်စဲရေး နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား အဖွဲ့ တွေနဲ့ ဆွေးနွေးရေး အတွက် အာဆီယံ ဥက္ကဋ္ဌ တဦးအနေနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရကို တိုက်တွန်းပေးဖို့ ရေးသား ထားတယ်လို့ ပြောပါတယ်။ ဒီစာကို ရန်ကုန်မြို့ က အင်ဒိုနီးရှား သံရုံးမှာ လူကိုယ်တိုင် ပေးအပ်ခဲ့သလို၊ စာတိုက် နဲ့ အီးမေးလ်က တဆင့်လည်း ပေးပို့ ခဲ့တယ်လို့ ကိုချစ်ကိုလင်းက ပြောပါတယ်။ မနေ့က အထိတော့ အင်ဒိုနီးရှား သံရုံးက စာပါ အကြောင်းအရာ နဲ့ ပတ်သက်ပြီး ဘာမှ အကြောင်းပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

No comments:

Post a Comment