စနေနေ့ညနေ ၆နာရီမှာ ကျောက်ဖရား မြစ်ရေဟာ အမြင့်ဆုံးအမှတ်ကိုရောက်လာပါတယ်။
ဘန်ကောက်နေရာအတော်များများမှာ ရေလွှမ်းတာတွေ ပျံ့နှံ့လာလို့ ဒွန်မောန်၊ ဘန့်ဖလဒ်နဲ့ထာဝီ၀ပ်ထနာ ခရိုင် တွေကလူတွေကို ဘေးကင်းလုံခြုံတဲ့နေရာတွေ ချက်ချင်းပြောင်းရွှေ့ကြဖို့ တောင်းဆိုလိုက်ပါတယ်။ ဘန်ကောက်က ရေဘေး ဒုက္ခသည်တွေ ခိုလှုံဖို့ ဒုက္ခသည်စခန်းတွေကို အသင့်ပြင်ထားပါတယ်။

ကျောက်ခဲတွေကို ဖဆာ့က်မြစ်ထဲ ကနေ ဥထိုင်းခရိုင်က အာရှအဝေးပြေးလမ်းမနဲ့ကပ်ရက် ခလုန်မောင်းတူးမြောင်းဆီကို ပုံနေစဉ်
ရေဘေးအန္တရာယ်စိုးရိမ်ရလို့ အကျဉ်းဦးစီးဌာနက နောင်ထာဘူရီပြည်နယ်၊ ဘန့်ခွမ်ဗဟိုအကျဉ်းထောင်က အကျဉ်းသား ၆၂၁ ယောက်ကို ရွှေ့ပြောင်းနေစဉ်
အောက်တိုဘာ ၂၇၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
No comments:
Post a Comment