ထိပ်ဆုံး သတင်း :
Home » » ဝါရှင်တန် တရုတ်သံရုံးရှေ့ မြန်မာတွေ ဆန္ဒပြ

ဝါရှင်တန် တရုတ်သံရုံးရှေ့ မြန်မာတွေ ဆန္ဒပြ

10/23/2011 06:36:00 PMတွင်ရေးသည်

မြစ်ဆုံ ရေကာတာစီမံကိန်းကို လုံးဝ ရပ်ဆိုင်းပစ်ဖို့ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မနေ့က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
RFA
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုပ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့က တရုတ်သံရုံးရှေ့မှာ မြန်မာနိုင်ငံသား ၆ဝ လောက် စုဝေးခဲ့ကြပြီး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ တရုပ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းဖို့ ဆန္ဒပြခဲ့ကြသလို တရုတ်သံရုံးနဲ့ တရုတ်အစိုးရထံ လိပ်မူပြီး စာရေးသားပေးပို့ တောင်းဆိုခဲ့ကြပါတယ်။

တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့အချုပ်အခြာ အာဏာကို လေးစားတယ်ဆိုရင် တရုတ် ရင်းနှီးမြှပ်နှံမှုကြောင့် ဖြစ်ရတဲ့ မြန်မာနိုင်ငံတွင်းက ပြဿနာတွေကို နှစ်ဦးနှစ်ဘက် မျှမျှတတ ဖြေရှင်းပေးရမှာ ဖြစ်ကြောင်း စတဲ့အချက်တွေ စာထဲမှာ ပါဝင်ကြောင်း ဦးဆောင်စီစဉ်သူတဦး ဖြစ်တဲ့ ဦးရွှေထီးက ပြောပါတယ်။

ဒါ့အပြင် နယူးရောက်ပြည်နယ်ကနေ ပူးပေါင်း ပါဝင်ခဲ့တဲ့ ဦးမင်းနိုင်ကလည်း မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ကချင်ပြည်နယ်အတွင်းမှာ ပြည်တွင်းစစ်မီး ပြန်လည် တောက်လောင်ခဲ့ရတယ်လို့ ပြောပါတယ်။ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ တရုတ်နိုင်ငံတွင်းကို ဝင်လို့မရအောင် တရုတ်အာဏာပိုင်တွေက အခုရက်ပိုင်းအတွင်း နယ်စပ်မှာ တပ်တွေ ချထားခဲ့တာကို ကန့်ကွက်ကြောင်းလည်း ပြောပါတယ်။

မနေ့က တရုတ်အစိုးရ သံရုံးရှေ့ ဆန္ဒပြပွဲမှာ အမေရိကန်နိုင်ငံ မြောက်-ကာရိုလိုင်းနား၊ နယူးယောက်နဲ့ ဝါရှင်တန်ဒီစီ တဝိုက်က မြန်မာနိုင်ငံသား မိသားစုတွေ စုပေါင်း ပါဝင်ခဲ့ကြပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"