အောက်တိုဘာလ ၂၉ ရက်နေ့က လွယ်ရိုင်းရွာကို ဟင်းသီးဟင်းရွက် သွားခူးတဲ့ မန်ဝိန်းကြီးရွာသူတစ်ဦးဟာ လွယ်ရိုင်းရွာမရောက်ခင်မှာ ကေအိုင်အေ ထောင်ထားသော မိုင်းနင်းမိပြီး နေရာမှာဘဲ ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရပါတယ်။
“မန်ဝိန်းကြီးဈေးနေ့မှာ ရောင်းဖို့ လွယ်ရိုင်းကို ဟင်းသီးဟင်းရွက်တွေခူးဖို့ ရွာကနေမနက် ၆ နာရီလောက်ကထွက်သွားကြတာပါ လွယ်ရိုင်းနားရောက်တော့ အသံအကျယ်ကြီးကြားတာ ကြည့်လိုက်တော့ ဒေါ်ကျန်ကွေ့က မိုင်းနင်းမိသွားတယ် ဒဏ်ရာတော်တော်လေးပြင်းတယ် သိပ်မကြာဘူး နေရာမှာပဲ သေသွားတယ်”လို့ဒေါ်ကျန်ကွေ့နဲ့အတူဟင်းသီးဟင်းရွက် သွားခူးတဲ့ ဒေါ်မေကျန်းမှ ပြောပြပါတယ်။
ဒေါ်ကျန်ကွေ့အလောင်းကိုတော့ တရုတ်ဘုံကျောင်းလူကြီးများမှ ထွေလာဂျီဖြင့် မိန့်ဝိန်ကြီးကို ပြန်သယ်သွားကြကြောင်းသိရပါတယ်။ သေဆုံးသွားသူ ဒေါ်ကျန်ကွေ့မှာ ၄၈ နှစ်ရှိပြီး တရုတ်ဗုဒ္ဓလူမျိုး တစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။
ကေအိုင်အေထောင်ထားသောမိုင်းနင်းမိပြီးဒဏ်ရာရသူ ရွာသား ၅၃ ဦးနှင့် သေဆုံးသူ ၄၁ ဦးရှိခဲ့ပြီး ကေအိုင်အေမှ ပစ်သတ်ခဲ့မှုကြောင့် သေဆုံးသူ ရွာသား ၈၅ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !