ထိပ်ဆုံး သတင်း :
Home » » ၀ိုင်းမော်ဆေးရုံမှ လူနာနှင့် အစောင့် ၅ ဦးအား မြန်မာ စစ်တပ် စရဖမှဖမ်းဆီး

ဝိုင်းမော်ဆေးရုံမှ လူနာနှင့် အစောင့် ၅ ဦးအား မြန်မာ စစ်တပ် စရဖမှဖမ်းဆီး

10/19/2011 09:53:00 PMတွင်ရေးသည်


waimaw-oct19myenကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံမှ လူနာ ၃ ဦးနှင့် ပြုစုစောင့်ရှောက်သူ ၂ ဦး တို့အား မြန်မာအစိုးရစစ်တပ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများ ပြောသည်။

၎င်းတို့ ၅ ဦးသည် ၀ိုင်းမော်မြို့မှ ကချင်အမျိုးသားများဖြစ်ကြပြီး အောက်တိုဘာ ၁၈၊ ယမန်နေ့ညက ဆေးရုံတွင် ဖမ်းဆီးပြီး “စစ်ဆေးစရာ ရှိတယ်” ဆိုကာ စရဖ ကားဖြင့် မြစ်ကြီးနားဘက်သို့ ခေါ်ဆောင်သွားသည်ဟု ၀ိုင်းမော် မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ မြစ်ကြီးနားမြို့ ဧဒင်နှင့် နောင်းပုံ ကြား မြစ်ကြီးနား-မန္တလေး ရထားလမ်းရှိ တံတား ၂ စင်း ဗုံးပေါက်ကွဲမှုနှင့်ဆက်စပ်ပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု စရဖ မှ အကြောင်းပြကြောင်း သူက ဆက်ဆိုသည်။

သို့သော် စွပ်စွဲချက်နှင့် လုံးဝဆက်စပ်မှု မရှိဟု အဖမ်းခံရသူများနှင့် နီးစပ်သူများပြောသည်။

လူနာ ၃ ဦးအနက် တစ်ဦးသည် အစာအိမ်သွေးကြောပေါက် ဝေဒနာကြောင့် ၀ိုင်းမော် လူဝင်မှုကြီးကြပ်ရေးရုံး (လ၀က)၏ အကူအညီဖြင့် သွေးသွင်း ကုသနေခြင်းဖြစ်ပြီး သူ့ကို ဖမ်းဆီးခေါ်သွားစဉ် ဖိနပ်တောင် မစီးလိုက်ရဘဲ ခုတင်အောက်တွင် ကျန်ရှိနေကြောင်း မျက်မြင်များပြောသည်။

ကျန် လူနာ ၂ ဦးမှာ ငှက်ဖျားရောဂါဖြင့် ဆေးရုံတက်နေခြင်းဖြစ်သည် ဟု ၎င်းတို့နှင့် နီးစပ်သူများ ပြောသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"