Tuesday, October 11, 2011

မြန်မာအလုပ်သမား​ ​သောင်း​ချီရှိသည့်​ နခွန်စဝမ်မြို့​ ​ရေဖုံး​လွှမ်း

http://burmese.dvb.no/wp-content/uploads/2011/10/flood1.jpg
ထိုင်း​ နိုင်ငံ အယုဒ္ဒယမြို့​ ​မြောက်ဘက်က မြန်မာအလုပ်သမား​ ​သောင်း​ချီ အလုပ်လုပ်ကိုင်​နေတဲ့​ နခွန်စဝမ် တမြို့​လုံး​ ​ရေဖုံး​လွှမ်း​နေပါတယ်။
Living Water Center(LWC) ​ခေါ် မြန်မာအလုပ်သမား​ပညာ​ပေး​အဖွဲ့​က တာဝန်ခံဆရာမ ​ဒေါ်တုလူက မြန်မာအလုပ်သမား​ရေ​ဘေး​ ဒုက္ခသည်​တွေရဲ့​အ​ခြေအ​နေကို ခုလို ​ပြောပါတယ်။
“န​ ခွန်စဝမ်တဝိုက်မှာ မြန်မာအလုပ်သမား​ ၃ ​သောင်း​ကျော်ရှိတယ်။ ဒုက္ခဖြစ်​နေတဲ့​အလုပ်သမား​အမျိုး​အစား​က​တော့​ ​ရေသန့်​စက်ရုံနဲ့​ရေသန့်​ဘူး​စက်ရုံ၊​ ကား​ဝပ်​ရှော့​၊​ ​ဈေး​ဆိုင်မှာ​ဈေး​ရောင်း​ရတဲ့​ အလုပ်သမား​တွေ၊​ ​ဆောက်လုပ်​ရေး​အလုပ်သမား​၊​ စိုက်ပျိုး​ရေး​လုပ်သား​၊​ စက်ရုံ​တွေရယ်၊​ အိမ်အကူလုပ်ကိုင်သူ​တွေရယ် သူတို့​တွေ အ​တော်​လေး​ဒုက္ခဖြစ်တယ်။ ​ရေတက်လာ​တော့​ သူတို့​ရဲ့​ အလုပ်ရှင်က ပစ္စည်း​တွေကို အိမ်​ပေါ်တင်တယ်။ သူတို့​က အိမ်​ပေါ်ထပ်မှာ​နေ​တော့​ အကုန်လုံး​ဖယ်​ပေး​ရတယ်​လေ တချို့​က ​ဆွေမျိုး​အိမ်၊​ တချို့​ကလည်း​ အ​ရေး​ပေါ်​နေရာ​တွေမှာ သွား​ပြီး​တော့​ ​နေရတယ်။ ​နောက်တချို့​လည်း​ ခရစ်ယာန်ဘုရား​ကျောင်း​တွေမှာ​နေတယ်။ ဘုရား​ကျောင်း​မှာလည်း​ ​ရေမလာတာ ၂ ရက်ရှိပြီ။ ​သောက်​ရေအတွက် အရမ်း​ခက်ခဲ​နေတယ်။”
သူတို့​အဖွဲ့​ ဟာ မြန်မာအလုပ်သမား​တွေအတွက် ​ဆေး​ဝါး​အကူအညီ​တွေ ဝယ်ထား​ပေမယ့်​ ကုန်း​လမ်း​အဆက်အသွယ်မှန်သမျှ ပြတ်​တောက်​နေဆဲဖြစ်လို့​ သွား​ရောက် မကူညီနိုင်​သေး​ဘဲဖြစ်​နေပါတယ်။
ဒါ့​အပြင် မြန်မာနိုင်ငံသား​ သိန်း​နဲ့​ချီ အလုပ်လုပ်ကိုင်​နေတဲ့​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာလည်း​ ​ရေစတင် တက်​နေပါတယ်။
ထိုင်း​ နိုင်ငံ ​မြောက်ပိုင်း​က ​ရေထုဟာ ဘန်​ကောက်မြို့​ကို ​အောက်တိုဘာလ ၁၆ ရက်က​နေ ၁၈ အကြား​မှာ ဝင်​ရောက်လာမယ်လို့​ထိုင်း​အစိုး​ရက ခန့်​မှန်း​ထား​ပြီး​ ယခုအချိန်အထိလည်း​ မိုး​အဆက်မပြတ် ရွာသွန်း​နေပါတယ်။
ဘန်​ ကောက်မြို့​ကို ဖြတ်သန်း​စီး​ဆင်း​တဲ့​ ​ကျောက်ဖရား​မြစ်ကမ်း​တ​လျှောက်ကို အမြင့်​ ၂ မီတာခွဲရှိတဲ့​ အုတ်နံရံ​တွေနဲ့​ ကာကွယ်ထား​ရာမှာ ၂မီတာ နီး​ပါး​လောက် ​ရေမြင့်​တက်လာ​နေတယ်လို့​ ဘန်​ကောက်မြို့​တော် အုပ်ချုပ်​ရေး​ဌာနက ​အောက်တိုဘာ ၁၁ ရက်​နေ့​က သတင်း​ထုတ်ပြန်ထား​ပါတယ်။

No comments:

Post a Comment