မြန်မာအစိုးရက ဒီကနေ့ နိုင်ငံအနှံမှာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ နေရာမှာ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ ခေါ် ကိုသူရအပါအ၀င် ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်တယ်လို့ အတိုက်အခံ နိုင်ငံရေးပါတီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ အပြောအရ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား တရာကျော် ပါဝင်တယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားတွေကို ပြန်လွှတ်ပေးနေတဲ့ နေရာမှာ ရာဇ၀တ်မှုနဲ့ ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကတော့ ထောင်ဂဏန်းရှိတယ်လို့ သိရပါတယ်။
နားဆင်ရန်...
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !