ထိပ်ဆုံး သတင်း :
Home » » ဗန်းမော်ခရိုင် ၂ နေရာတိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦး ကျ

ဗန်းမော်ခရိုင် ၂ နေရာတိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦး ကျ

10/28/2011 10:08:00 PMတွင်ရေးသည်

kia-soldier
ရှေ့တန်းစစ်မျက်နှာပြင်မှ ကေအိုင်အေ စစ်သူရဲတစ်ဦး
အောက်တိုဘာ ၂၇ ယမန်နေ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ၂ နေရာတွင် ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာအစိုးရစစ်သား အနည်းဆုံး ၇ ဦး ကျပြီး အချို့ ဒဏ်ရာရကြောင်း ဒေသခံများ ဆိုသည်။
ဆားမော် နယ်မြေခံ ခလရ အမှတ် (၁၀၅) မှ တပ်ချနေသော မန်မော်(ဗန်းမော်)-နမ်ခမ်း လမ်း ကိုင်ထိပ် (Kai Htik) စစ်စခန်းကို KIA တပ်ရင်း ၁ မှ တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၃ ဦး ကျ သည်ဟု KIA ကဆိုသည်။

တစ်ရက်ထဲမှာ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ရှိ အင်ဒုန် (Ndung) စစ်စခန်းသို့ ရိက္ခာသယ်လာသည့် မြန်မာစစ်ကား တစ်စီးအား လမ်းခုလတ်တွင် KIA တပ်ရင်း ၂၄ မှ စစ်သားများ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့သည်ဟု သက်ဆိုင်ရာ KIA အရာတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသော ရိက္ခာတင်ကားသည် ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ အမှတ် (၁၄၂) မှ ဖြစ်သည်ဟု KIA က ဆိုသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"