Friday, October 28, 2011

ဘန်ကောက်သားတွေ ဟွာဟင်းနဲ့ ပတ္ထရားကို ပြေးကြပြီ

ဘန်ကောက်နဲ့အလယ်ပိုင်မြေပြန့်ပိုင်းကလူတွေ ရေဘေးကလွတ်ဖို့ ရှောင်တိမ်းရာ၊ တွေ့မြင်နေရတဲ့ ဘန့်ဖခုန်နဲ့ချရုန်း ဆောင် အကြား အမှတ် ၃၁၄ အဝေးပြေးလမ်းမကြီးပေါ်က မော်တော်ယဉ်တန်းကြီး
ဘန်ကောက်သားတွေဟာ ရေဘေးဒဏ် စိတ်မချရလို့ ဟွာဟင်းနဲ့ပတ္ထရားဆီကို အစုလိုက်အပြုံလိုက် ပြေးနေကြလို့ အဲဒီ နေရာတွေက ဈေးသက် သာတဲ့ဟိုတယ်တွေ၊ တည်းခိုခန်းတွေလည်း ပြည့်သိပ်နေကြပါပြီ။ “ပြီးခဲ့တဲ့အပတ်ကတည်းက ဟိုတယ်တွေ တိုက်ခန်းတွေအတွက် ကြိုတင်ငှားရမ်းမှုတွေ အရမ်းမြင့်တက်လာခဲ့ပါတယ်” လို့ ဟိုတယ်ပိုင်ရှင် တဦးက ပြောပါတယ်။ ပြည်ပကလာနေသူတချို့က သူတို့တိုင်းပြည်ကို ပြန်ဖို့ ဆုံးဖြတ်ထားကြပြီး တချို့ကတော့ ပတ္ထရားကို ရွေ့ ပြောင်းနေကြပါတယ်။ ကုမ္ပဏီအများအပြားဟာ သူတို့ဝန်ထမ်းတွေအတွက် သူတို့ရုံးနားက ဟိုတယ်ခန်းတွေမှာ ငှားထား ကြပါတယ်။
အောက်တိုဘာ ၂၇၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

No comments:

Post a Comment