Friday, October 21, 2011

မြစ်ဆုံတွင် တိုးချဲ့ရွှေတူးရန် အစိုးရက ဒေသခံများကို နှင်ထုတ်

Gold-mining-oct21
မြစ်ဆုံ ရွှေကျင်း တစ်ခုမြင်ကွင်း
တန်ဖရဲရွာ ဧရာဝတီ မြစ်ဆုံဒေသတွင် ခါကာဘိုသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့ အကျိုးတူ ရွှေဖက်စပ် တူးဖော်ရေးလုပ်ငန်းအတွက် ဒေသခံများကို လုပ်ငန်းခွင်အတွင်းမှ နှင်ထုတ်လိုက်သည်။
မလိ-အင်မိုင်မြစ်ဆုံဆည် ဆိုင်းငံ့ခြင်း ကြေညာပြီးနောက် ၅ ရက်အကြာ ဆည်စီမံကိန်းဒေသတွင် အစိုးရပိုင်ရွှေတူးဖော်ရေးလုပ်ငန်းအတွက် ဒေသခံများကို ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်သည်ဟု ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ (KDNG) ၏ အောက်တိုဘာ (၂၁) ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

“မြစ်ကြီးနားမြို့၊ တန်ဖရဲကျေးရွာအုပ်စုတွင် တရားဝင်ရွှေသတ္တုတူးဖော်ရန်ခွင့်ပြုထားသည့် ခါကာဘိုကုမ္ပဏီမှလွဲ၍ ကျန်ရှိသော တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေသတ္တုတူးဖော်နေသူများ၊ နေထိုင်သူများ၊ လူနေအဆောက်အဦးများ၊ ဈေးဆိုင်တန်းများသည် သတ်မှတ်လုပ်ငန်းခွင်နယ်နမိတ်အတွင်းမှ (၁၀-၁၀-၂၀၁၁) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရန်နှင့် သတ်မှတ်ထားသောရက်အတွင်း ထွက်ခွာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။” ဟု မြစ်ကြီးမြို့နယ်အုပ်ချုပ်ရေးဌာနမှ စာဖြင့်ညွှန်ကြားလာသဖြင့် လုပ်ငန်းရုပ်သိမ်းလိုက်ရကြောင်း ဒေသခံရွှေတူးဖော်နေသူတစ်ဦးပြောသည်။

No comments:

Post a Comment