ထိပ်ဆုံး သတင်း :
Home » » ကိုမင်းကိုနိုင်ကို မွေးနေ့တွင် ပြန်လွှတ်ပေးရန် တောင်းဆို

ကိုမင်းကိုနိုင်ကို မွေးနေ့တွင် ပြန်လွှတ်ပေးရန် တောင်းဆို

10/18/2011 09:56:00 PMတွင်ရေးသည်

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက်မွေးနေ့ လက်ဆောင်အဖြစ် ယနေ့ ပြန်လွှတ်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အားလူရွှင်တော် ကိုဇာဂနာက တောင်းဆိုလိုက်သည်။
ကိုမင်းကိုနိုင်မွေးနေ့တွင် လက်မှတ်ရေးထိုးနေသည့် လူရွှင်တော် ကိုဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ)
မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်း မြို့မပရိယတ္တိ စာသင်တိုက်တွင် ယနေ့နံနက် ကျင်းပပြုလုပ်သည့် မွေးနေ့ပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး လူရွှင်တော် ကိုဇာဂနာက ကိုမင်းကိုနိုင် စပ်ဆိုရေးသားသည့် ကဗျာတပုဒ်ကို ရွတ်ဆိုကာ သီချင်းသံပြိုင်ပိုဒ်ကို သီဆိုခဲ့ကြောင်း တက်ရောက်ခဲ့သည့် NLD အဖွဲ့ဝင် တဦးကပြောသည်။
“သမ္မတကြီး ခင်ဗျား ကိုမင်းကိုနိုင်ကို မွေးနေ့လက်ဆောင် ပေးတဲ့အနေနဲ့ ဒီနေ့ပဲ လွှတ်ပေးလိုက်ပါ ခင်ဗျားလို့ တောင်းလိုက်တယ်” ဟု ၎င်းကဆိုသည်။
အဆိုပါမွေးနေ့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များဖြစ်သည့် သူရဦးတင်ဦး၊ ဦးဝင်းတင်၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်များ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့ အပြင် အနုပညာရှင်များဖြစ်သည့် ကိုဇာဂနာ၊ ကိုရဲလွင်၊ ကိုနေဝင်း၊ ဇေယျာသော်၊ ဆောင်းဦးလှိုင်တို့ တက်ရောက်ကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အေင်ဆန်းစုကြည်က အကျဉ်းချမထားသင့်သူများကို အကျဉ်းချထားခြင်းသည် မလုပ်သင့်သော လုပ်ရပ်ဖြစ်ကြောင်း၊ လူတိုင်း၏ လွတ်လပ်ခွင့်နှင့် ထူထောင်ခွင့်အတွက် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်းသို့ ၀င်ရောက်လာသူများဖြစ်ကြောင်း ပြောဆိုသည်။
ထို့အပြင် ကိုမင်းကိုနိုင်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်စေရန် ဆုတောင်းပေးကြောင်း သိရသည်။
ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကလည်း “အခုလို စုစုစည်းစည်းနဲ့ တောင်းဆိုပေးတာ အားလုံးကို ကျေးဇူးတင်ပါ တယ်။ မောင်လေးနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်စေချင်ပါတယ်” ဟု ဆိုသည်။
ယနေ့ကျင်းပသည့် မွေးနေ့ပွဲသို့ လာရောက်သူ များပြားလွန်းသောကြောင့် ဘုန်းကြီးကျောင်း အထပ် ၄ ထပ်စလုံး လူများနှင့် ပြည့်သွားသည့်အပြင် ကျောင်းပြင်ပတွင်လည်း လူအများ ရှိနေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဇာဂနာတို့က ပြူတင်းပေါက်မှ နေ၍ နှုတ်ဆက်ရကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) က သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းသား ၆၃၅၉ ဦးကို လွှတ်ပေးခဲ့ သော်လည်း ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်ခြင်းမရှိပေ။
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ကိုမင်းကိုနိုင်အား အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သေးသည်။
ယခုလက်ရှိတွင် ကိုမင်းကိုနိုင်သည် အရိုးကျီးပေါင်းတက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးတုန်ခြင်း စသည့် ရောဂါများကို ခံစားနေရ ကြောင်း ၎င်း၏ အစ်မက ရှင်းပြသည်။
ကိုမင်းကိုနိုင်ကို ပန်းချီဆရာကြီး ဦးသက်ညွန့်နှင့် ဒေါ်လှကြည်တို့က ၁၉၆၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး မွေးချင်းများတွင် တတိယမြောက် သားဖြစ်သည်။
ရန်ကုန် တက္ကသိုလ်တွင် သတ္တဗေဒ ပညာရပ်ဖြင့် ပညာဆည်းပူးခဲ့ပြီး ၁၉၈၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသား လှုပ်ရှားမှုများကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ (ဗကသ) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဦးဆောင်ခဲ့ရာ ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီး ထိန်းသိမ်း ခံရပြီး ၂၀၀၄ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။
ကိုမင်းကိုနိုင်၏ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ၎င်းကိုယ်တိုင်ရေးသားသည့် ၁၉၈၈ အရေးတော်ပုံ သမိုင်း နောက်ခံ ထားသော “နောက်ကြည့်မှန်” အမည်ရှိ လုံးခြင်းဝတ္ထုစာအုပ်ကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖြန်ချိထုတ်ဝေခဲ့သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"