Monday, October 31, 2011

ကေအိုင်အေအကျအဆုံးများနေတာရွာသားများကြောင့်ဟုဆိုကာမိုင်းထောင်

အောက်တိုဘာလ ၂၆ ရက်နေ့အစိုးရစစ်တပ်တွေနဲ့KIA တပ်တွေ ဂါးရားယန်ရွာအနီးတ၀ိုက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာKIAတပ်ရင်း(၃)ကတပ်ဖွဲ့ဝင်(၅)ဦးတိုက်ပွဲမှာကျသွားခဲ့ပါတယ်။KIA ပြည်သူ့စစ်(၂၆)ဦးလည်းဒဏ်ရာရခဲ့တာမို့လို့ စံပိုင်ကျေးရွာမှာရှိတဲ့ ဆေးခန်းမှာဆေးကုသနေရပါတယ်။

KIAလက်နက်ကြီး(၁)လက်နက်လဲအစိုးရတပ်ကပစ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်ပျက်စီးသွားခဲ့တယ်လို့တိုက်ပွဲမှာပါတဲ့ပြည်သူ့စစ်တဦးကပြောပြပါတယ်။
အဲဒီတိုက်ပွဲမှာသူတို့ပြည်သူ့စစ်၂ယောက်လဲပါသွားတယ်။ KIAတပ်ကအရာရှိ ၂ဦးအခြားအဆင့်၎ဦးလဲ သူမျက်စေ့ရှေ့မှာတင် သေသွားတယ်လို့ပြောပါတယ် အောက်တိုဘာလ ၂၇ ရက်နေ့က မိုးမောက်မြို့နယ်၊လော်ဒန်ကျေးရွာအနီးမှာဖြစ်တဲ့တိုက်ပွဲမှာလဲ KIA တပ်ဖွဲ့က (၃)ယောက်ကျပါတယ်။
KIA  တပ်ကြပ်ကြီး(၁)ဦး၊ တပ်ကြပ်(၂)ဦး၊ တပ်သား (၃)ဦးကတော့
အစိုးရ တပ်ရဲ့ပစ်လိုက်တဲ့ကျည်ထိမှန်လို့ ယောယုံကျေးရွာကနေတဆင့် မိုင်ဂျာယန်ဆေးရုံကိုပို့လိုက် ရပါတယ်။သူတို့အခြေအနေကတော့အသက်ရှင်ဖို့ထက်၊ သေဖို့ကများတယ်လို့ဒေသခံရွာသားတဦးက ပြော ပြပါတယ်။အဲဒီမှာ မိုင်ဂျာယန်ဆေးရုံကိုလိုက်ပို့ခဲ့တဲ့ ပြည်သူ့စစ်တယောက်ကတော့ မိုင်ဂျာယန်မှာဒဏ်ရာရ တဲ့သူတွေများနေလို့ လိုင်ဇာကိုပို့ပေမဲ့ လိုင်ဇာမှာလည်း ကုတင်လွတ်မရှိတော့တာကြောင့် တစ်ချို့လူနာတွေကို ကောင်းကောင်းဆေးကုနိုင်တာတွေမလုပ်နိုင်တော့ကြောင်း ပြောပြပါတယ်။ဒီရက်ပိုင်းအတွင်းမှာတိုက်ပွဲတွေခနခနဖြစ်နေလို့ KIAတပ်တွေကကားလမ်းအလယ်မှာမိုင်း ထောင်တာတွေလုပ်ထားပါတယ်။မိုးမောက်နဲ့လွယ်ဂျယ်သွားတဲ့လမ်း ကျောက်စခန်းရွာနားမှာ မနေ့က ဂွယ်ကထောင် ရွာသားတွေဖြစ်တဲ့မောင်ဒမော်ဒီးနဲ့မောင်ဇော်ဇင်းလီတို့ဆိုင်ကယ်ကိုမိုင်းထိ သွားပါတယ်။ မောင်ဒမော်ဒီးကအဲဒီနေရာမှာပဲသေဆုံးသွားပါတယ်။ဇော်ဇင်းလီကတော့ ခေါင်းနဲ့ ခြေထောက်တွေမှာဒဏ် ရာရသွားလို့ မိုးမောက် ဆေးရုံကို ပို့လိုက်ရပါတယ်။
 KIA ကတိုက်ပွဲများမှာ အထိခိုက်အကျဆုံးများနေတာဟာ ရွာသားများမှ အစိုးရစစ်တပ်ကို သတင်းပေးနေတာကြောင့်ဆိုပြီး ရွာသားအပါအ၀င် အစိုးရစစ်တပ်လာနိုင်တဲ့ လမ်းတွေကို မိုင်းထောင်တာတွေလုပ်နေကြကြောင်း သိရသည်။

No comments:

Post a Comment