ထိပ်ဆုံး သတင်း :
Home » » စစ်အစိုးရ စစ်တပ်မှ ရွာသားများကို လူသားဒိုင်း အဖြစ် အသုံးချ

စစ်အစိုးရ စစ်တပ်မှ ရွာသားများကို လူသားဒိုင်း အဖြစ် အသုံးချ

10/13/2011 02:06:00 PMတွင်ရေးသည်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လည် ၂ နာရီခွဲဝန်း ကျင်တွင် စကခ (၁၆) လက်အောက်ခံ ခမရ (၅၂၂) သည် နောင်ဟယ်ရွာ၊ မရစ်ရွာ များထဲသို့ ၀င်ရောက်ကာ  ရွာသားများပိုင် တရုတ် လက်ကိုင်ဖုန်း အားလုံးကို သိမ်းဆည်းလိုက်ကြောင်း စုံစမ်း သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ်သည် ကျေးရွာနေ ပြည်သူများဖြစ်သော မ မာပွတ ( အသက်လေးဆယ် ကလေး ၇ ယောက်မိခင် ) မ ထုဆိုင်း ( အသက် ၃၀ ကလေး ၄ ယောက်မိခင်) မ လွမ်ချမ် ( အသက် ၄၀ ကလေး ၉ ယောက်မိခင်) မ ဘောင်ချမ်ဒဲ ( ကလေး ၆ ယောက်မိခင် ) တို့ အပါအ၀င် အမျိုးသမိး (၇) ဦးကို ကောင်းခွေ ကျေးရွာသို့ ဖမ်းဆီးသွားကြောင်း ယင်းရွာသားများမှ စုံစမ်းသိရှိရပါတယ်။
မြန်မာနိုင်ငံတော် သမ္မတများ
ကျေးရွာထဲမှ မြင်းလေးကောင်ကိုလည်း ဖမ်းဆီးသွားပြီး ၀န်တင်မြင်းအဖြစ် အသုံးပြုခဲ့ပြီး ဖမ်းဆီးထားသည့် အမျိုး သမီးများကိုလည်း အထမ်းသမားများ အဖြစ် အသုံးပြုခိုင်းစေခဲ့ ကြောင်း သိရပါတယ်။ ယင်းကဲ့သို့ ကျေးရွာနေ ပြည်သူများကို အဓ္ဓမ ခိုင်းစေခြင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ အတင်း အဓ္ဓမ ခေါ်ဆောင် သွားပြီး လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနေ တို့ကို ဆက်တိုက် ပြုလုပ်နေကြောင်း မျက်မြင်များမှ သိရှိရပါတယ်။

စစ်အစိုးရ စစ်တပ် ခမရ  (၅၂၂) နှင့် K.I.A တပ်ရင်း ၃၆ တို့ ရှမ်းပြည်မြောက်ပိုင်း တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။
ဆက်လက် မျှဝေရန်... :

1 comment:

  1. ရက်စက်ပ သူ့အိမ်က သားသမီးတွေ ခေါ်သွားပြီး အထမ်းသမား လူသားဒိုင်း လုပ်ခိုင်းပါလားလို့... ကိုယ်ချင်းစာ တရားမရှိသူဒွေ။

    ReplyDelete

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"