Monday, October 31, 2011

ကေအိုင်အေနဲ့ မြန်မာစစ်တပ်တိုက်ပွဲ လက်နက်ဆန်းသုံး

ကေအိုင်အေ နဲ့ အစိုးရ စစ်တပ် တွေ အကြား တိုက်ပွဲ တွေ ကချင်ပြည်နယ် တွင်း ဖြစ်ပွားရာမှာ မြန်မာ စစ်တပ် ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီး၊ ကျည် တွေကြားမှာ သမရိုးကျ မဟုတ်တဲ့ ဓါတုလက်နက် တွေ အသုံးပြုနေပြီလား ဆိုတဲ့ ပြောဆို ချက် တွေ ထွက်ပေါ် နေပါတယ်။

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် နဲ့ ဂါးရာယန် အကြား တိုက်ပွဲတွေ အောက်တိုဘာလ ၂၉ ရက်နေ့က ဖြစ်ပွားရာမှာ အစိုးရ ဖက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ယမ်းငွေ့တွေ ကြောင့် ကေအိုင်အေ တပ်ဖွဲ့ဝင် တချို့ မူးဝေ အော့အန် တာတွေ၊ အားနည်းမောပန်း တာတွေ ခံစားရတဲ့ အကြောင်း ကေအိုင်အေ အရာရှိ က သူ့ကိုယ်တွေ့ ကို ဘီဘီစီ ကို ပြောပြပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/02/07/110207170348_kia_recruits_226x170_bbc_nocredit.jpg
ပြီးခဲ့တဲ့ သီတင်းပတ် က ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီး၊ ဖြစ်ပွားတဲ့ တိုက်ပွဲ တုန်းကလည်း၊ အလားတူ လက်နက်ကြီး ကျည် ယမ်းငွေ့တွေ ကြောင့်၊ ကေအိုင်အေ ရဲဘော်တွေ မူးဝေအော့အန် တာတွေ ဖြစ်တဲ့ အကြောင်း ကေအိုင်အေ အရာရှိက ရှင်းပြပါတယ်။

ကေအိုင်အေ ဗဟို က ရှေ့တန်းက အစီရင်ခံစာ တွေ အခုလို ဝင်လာတဲ့ အတွက် မြန်မာ အစိုးရ တပ်ဖက်က ဓါတုလက်နက်တွေ သုံးနေပြီလား ဆိုတဲ့ အချက် အပေါ်မှာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်မယ် လို့ ဆိုပါတယ်။

No comments:

Post a Comment