Monday, October 31, 2011

လွတ်လပ်ခြင်း​အနုပညာရုပ်ရှင်ပွဲ​တော်အတွက် သတင်း​စာရှင်း​လင်း​ပွဲလုပ်

လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော် သတင်း​စာရှင်း​လင်း​ပွဲကို အင်လျား​လမ်း​နဲ့​ ဓမ္မ​စေတီလမ်း​ထောင့်​ရှိ Relax စား​သောက်ဆိုင်မှာ ဒီက​နေ့​ ကျင်း​ပပါတယ်။
ပွဲကြီး​ကြပ်​ ရေး​ကော်မတီဝင် လူရွှင်​တော် ဇာဂနာက “ကျ​နော်က ရုပ်ရှင်ပွဲ​တော်နဲ့​ပတ်သက်ပြီး​ ရှင်း​ပြတယ်။ နည်း​ပညာပိုင်း​နဲ့​ပတ်သက်ပြီး​တော့​ ဒါရိုက်တာ မင်း​ထင်ကိုကိုကြီး​က ရှင်း​ပြတယ်။ အဓိက​တော့​ ကျ​နော်တို့​ ပွဲ​တော်ဘာ​ကြောင့်​ ကျင်း​ပတယ်ဆိုတဲ့​အခါမှာ အနုပညာသည်​တွေဟာ လွတ်လပ်မှု အ​ရေး​ကြီး​တယ်၊​ လွတ်လပ်ခွင့်​ကို အနုပညာသည်​တွေအတွက် အနုပညာဖန်တီး​တဲ့​ အခါမှာ အလွန်မှတန်ဖိုး​ရှိတဲ့​အရာဟာ လွတ်လပ်ခွင့်​ ဖြစ်ပါတယ် ဆိုတဲ့​အရာကို ​ပေါ်လွင်​စေချင်တဲ့​ အ​ကြောင်း​အရာကိုပဲ ကျ​နော်ရှင်း​ပြပါတယ်” လို့​ ​ပြောပါတယ်။
 http://burmese.dvb.no/wp-content/uploads/2011/10/zaganar6.jpg
ပွဲကြီး​ကြပ်​ ရေး​ကော်မတီမှာ အဓိကပါဝင်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အ​ကြောင်း​ကြောင်း​ကြောင့်​ သတင်း​စာရှင်း​လင်း​ပွဲကို မတက်​ရောက်နိုင်တဲ့​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အမှာစကား​ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှ နိုင်ငံ​ရေး​ အကျဉ်း​သူ​ဟောင်း​ နီမိုလှိုင်က ကိုယ်စား​တက်​ရောက် ​ပြောကြား​ပေး​တယ်လို့​ ဆိုပါတယ်။
လွတ်လပ်ခြင်း​အနုပညာ ရုပ်ရှင်ပြိုင်ပွဲက​နေ လမ်း​ကြောင်း​သစ်တခု ပွင့်​လာနိုင်ဖို့​ ​မျှော်လင့်​ကြောင်း​လည်း​ ကိုဇာဂနာက ​ပြောပါတယ်။
“ကျ​နော်တို့​ က လွတ်လပ်မှုဆိုတဲ့​ အနုပညာကို ​ဖော်ပြတာဖြစ်တဲ့​အတွက် လွတ်လပ်မှုသည်သာ အ​ရေး​ကြီး​ပါတယ်။ ဒီရုပ်ရှင်ကို ဘယ်လိုဖန်တီး​တယ်ဆိုတဲ့​ အ​တွေး​အ​ခေါ်ကိုသာ ကျ​နော်တို့​အဓိက ထား​ပါတယ်။ အနုပညာဖန်တီး​မှုမှာ လွတ်လပ်မှုဟာ အ​ရေး​ကြီး​ပါတယ်။ လွတ်လွတ်လပ်လပ်​ပြော၊​ လွတ်လွတ်လပ်လပ်ဖန်တီး​၊​ လွတ်လွတ်လပ်လပ်ကြည့်​ရှု… ဆိုတဲ့​အဆင့်​ကို ဒီပြိုင်ပွဲက​နေ ၁၀၀ ရာခိုင်နှုန်း​ လမ်း​ကြောင်း​ အသစ်တခု ဖွင့်​ပေး​နိုင်လိမ့်​မယ်လို့​ ယုံကြည်ပါတယ်။”
စာနယ်ဇင်း​ သမား​တွေ၊​ ရုပ်ရှင်ဝါသနာပါသူ လူငယ်​တွေ၊​ ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူး​လိုတဲ့​ လူငယ်အဖွဲ့​တွေနဲ့​ နိုင်ငံခြား​သား​ သံတမန်​တွေ အပါအဝင် လူဦး​ရေ ၃၅၀ ​လောက် တက်​ရောက်ခဲ့​တယ်လို့​ လူရွှင်​တော်ဇာဂနာက ​ပြောပါတယ်။
လွတ်လပ်ခြင်း​ အနုပညာရုပ်ရှင်ပွဲ​တော် ပြိုင်ပွဲက​နေ ချီး​မြှင့်​မယ့်​ ဆုအမျိုး​အစား​တို့​မှာ အ​ကောင်း​ဆုံး​ Documentary Film ဆု၊​ အ​ကောင်း​ဆုံး​ short film ဆုအပါအဝင် ပြိုင်ပွဲဝင် ရုပ်ရှင်အ​ရေအတွက်​ပေါ် မူတည်၍ ဒုတိယနဲ့​ တတိယဆုတို့​ကိုလည်း​ ချီး​မြှင့်​သွား​မှာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ်​ရေး​နေ့​) မှာ ဆု​ပေး​ပွဲအခမ်း​အနား​ကျင်း​ပမှာဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကိုယ်တိုင် ချီး​မြှင့်​မှာပါ။ ဆုအ​နေနဲ့​ ဆုတံဆိပ်၊​ ဂုဏ်ပြုလက်မှတ်နဲ့​ ​ငွေ​ကြေး​တို့​ ဖြစ်တယ်လို့​ သိရပါတယ်။

No comments:

Post a Comment