Friday, October 07, 2011

မုန်းကို တွင် မြန်မာစစ်သား ၂ ဦးကျ၊ ၁ ဦး ဒဏ်ရာရ


KIA-Burmese-government-warအောက်တိုဘာ ၆ ရက်က ရှမ်းပြည်မြောက်ပိုင်း မုန်းကို တွင် မြန်မာအစိုးရ စစ်ကြောင်းတစ်ခုအား KIA တပ်ရင်း (၃၈)မှ ပစ်ခတ်ခဲ့ရာ (၂) ဦး သေဆုံးပြီး၊ (၁) ဦးဒဏ်ရာရကြောင်း ဒေသခံများပြောသည်။

သေဆုံးမှုတွင် တပ်ကြပ်တစ်ဦးလည်း ပါကြောင်းသိရှိရသည်။

မုန်းကို အနီး ဘန်ဒါပ်သို့ မြန်မာအစိုးရစစ်ကြောင်း ၀င်ရောက်လာစဉ် KIAမှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုန်ဂိုမှာ တိုက်ပွဲဖြစ်

အောက်တိုဘာလ ၆ ရက် ၂၀၁၁ ရှမ်းပြည်နယ် အခြေစိုက် K.I.A တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၈) နှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ ယင်းတိုက်ပွဲမှာ စစ်တပ်ဘက်မှ (၁၀) ဦး ကျဆုံးသွားကြောင်း K.I.A ရှေ့တန်းသတင်း အရ သိရှိ ရပါတယ်။
တဆက်ဆည်းမှာဘဲ အောက်တိုဘာလ ၇ ရက် ဒီမနက် ကချင်ပြည်နယ် မဒီယာန် ကျေးရွာ အနီးတဝိုက်များတွင် K.I.A တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့ အကြား ဒီမနက် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲအခြေအနေများကို ဆက်လက် စုံစမ်းဆဲပါ။

No comments:

Post a Comment