ထိပ်ဆုံး သတင်း :
Home » » မြစ်ဆုံဆည်စီမံကိန်း လုံးဝ ဖျက်သိမ်းရေး တရုပ်သံရုံးရှေ့မှာ မြန်မာမိသားစုများ ဆန္ဒပြ

မြစ်ဆုံဆည်စီမံကိန်း လုံးဝ ဖျက်သိမ်းရေး တရုပ်သံရုံးရှေ့မှာ မြန်မာမိသားစုများ ဆန္ဒပြ

10/10/2011 04:27:00 AMတွင်ရေးသည်

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ယာယီ ရပ်ဆိုင်းထားတာမျိုး မဟုတ်ဘဲ လုံးဝ ဖျက်သိမ်းပစ်ဖို့ အမေရိကန် ရောက် မြန်မာမိသားစုဝင်တွေ ဝါရှင်တန်ဒီစီ မြို့တော်က တရုတ်သံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
RFA
မြစ်ဆုံဆည်စီမံကိန်း လုံးဝ ဖျက်သိမ်းရေးအတွက် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် တရုပ်သံရုံးရှေ့တွင် မြန်မာမိသားစုများ ဆန္ဒပြနေစဉ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ မမြတ်ယဉ်ချောက- သမ္မတဦးသိန်းစိန်က မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို လက်ရှိအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့တဲ့အတွက် ဝမ်းသာကြောင်း၊ ပြည်သူ့အသံကို နားထောင်တဲ့အတွက် ကျေးဇူးလည်း တင်ပါကြောင်း၊ ဒါပေမယ့် ဒီစီမံကိန်းဟာ မြန်မာပြည်အတွက် အလွန် အန္တရာယ်ကြီးလှတဲ့အတွက် လုံးဝ ဖျက်သိမ်းစေချင်ကြောင်း၊ ဒီစီမံကိန်းမှာ တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားတွေ အများအပြား ပါဝင်နေတဲ့အတွက် တရုတ်သံရုံးရှေ့မှာ လာရောက် ဆန္ဒပြကြတာ ဖြစ်ကြောင်း ပြောပါတယ်။

မနေ့က ဆန္ဒပြပွဲမှာ မေရီလဲန်းပြည်နယ်၊ ဗာဂျီးနီးယားပြည်နယ်နဲ့ နယူးယောက်မြို့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား မိသားစုဝင် ၅ဝ နီးပါး စုပေါင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သမ္မတဦးသိန်းစိန် ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ မြစ်ဆုံဆည် ဆောက်လုပ်ရေး တာဝန်ယူနေတဲ့ CPIC ကုမ္ပဏီ အကြီးအကဲက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ပြောဆိုရတာတွေ ရှိလာနိုင်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"