ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးရဲ့ ဘဝဖြတ်သန်းမှု တွေကို အပတ်စဉ် တနင်္လာနေ့တိုင်း RFA ကတင်ပြနေတဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ်မှာ ရခိုင်ပြည်နယ်ကို သူပြောင်းရွှေ့ရောက်ရှိသွားခဲ့စဉ်က အတွေ့အကြုံတွေကို အောက်တိုဘာ ၃ ရက်နေ့က တင်ပြခဲ့ရာမှာ ပြောကြားချက်တချို့ကို (BRANA) ခေါ် မြောက်အမေရိကဆိုင်ရာ မြန်မာရိုဟင်ဂျာ အစည်းအရုံးက ကန့်ကွက်ခဲ့ပါတယ်။
လွတ်လပ်တဲ့အာရှအသံ ရုံးချုပ်ကို ဒီကိစ္စအတွက် လာရောက်ခဲ့တဲ့ BRANA ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ဒေါက်တာ ဝါကာအူဒင်း ကို ဦးတင်ဦး ရဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ် တာဝန်ယူ တင်ဆက်သူ ဦးခင်မောင်စိုး က စတူဒီယို အမှတ် ၁၁ မှာ တွေ့ဆုံမေးမြန်း ခဲ့တာကို နားဆင်ပါ။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။(Photo: RFA)
နားဆင်ရန်...
![]() | ဆက်သွယ်မေးမြန်းချက်။ |
![]() | အသံဖိုင်ယူရန်။ |
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !