ထိပ်ဆုံး သတင်း :
Home » » မြန်မာပြည် အလယ်ပိုင်း ရေကြီး ပြီး လူအသေအပျောက် တွေ တိုးလာ

မြန်မာပြည် အလယ်ပိုင်း ရေကြီး ပြီး လူအသေအပျောက် တွေ တိုးလာ

10/23/2011 11:45:00 AMတွင်ရေးသည်

စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေးမြို့၊ ကလေးဝမြို့ နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့ တွေမှာ မိုးများလို့ ရေကြီးခဲ့ပြီး ပခုက္ကူ ဒေသ က ရွှေချောင်း ချောင်းရေ ကြီး မှု မှာတော့ သေဆုံးမှု ဦးရေ မြင့်တက် လာနေပါတယ်။

အောက်တိုဘာ ၂၀ ရက် မနက်က ရွှေချောင်း ချောင်းရေ အင်နဲ့အားနဲ့ ကျခဲ့လို့ ရေတိုက်စား သွားတဲ့ ပခုက္ကူမြို့ အနီးမှာ စနေနေ့ ညနေ အထိ တွေ့ရှိရတဲ့ လူသေ အလောင်း က စုစုပေါင်း ၈၀ ကျော် သွားပြီ ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ ဖွင့်ထားတဲ့ ရေဘေးကူညီရေး စခန်းတွေမှာ ဒုက္ခသည် ဦးရေ ဟာ လည်း ၂၀ဝ၀ ကျော် ရှိ သွား ပြီလို့ ဒေသခံတွေ အပြော အရ သိရပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/10/21/111021162001_pku_flood_bbcburmese_226x170_bbc_nocredit.jpg
ပခုက္ကူ ရေကြီးမှု ကြောင့် လူသေမှုရှိ
ပခုက္ကူမြို့ က နောက်ဆုံး အခြေအနေ ကို လူမှုရေး ကူညီနေသူ တဦးက ဘီဘီစီ ကို ပြောပြ ရာမှာတော့ သေဆုံးသူ စာရင်း ကောက်တဲ့သူ ဒေါက်တာသက်လွင် ရဲ့ စာရင်း အရ အလောင်း ၈၃ လောင်း တွေ့ ရပြီ လို့ ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ပျောက်ဆုံးစာရင်းက ၁၀ဝ ကျော် ရှိ နေတယ်လို့ ခန့်မှန်း နေကြ ပါတယ်။

ချောင်းရေ တိုက်စား သွားတဲ့ အမှတ် ၃ ရပ်ကွက် အရှေ့ဖျား နေရာတွေ က ကျူးကျော် နေအိမ်တွေ အများစုဖြစ်လို့ အိမ်ထောင်စု စာရင်း မရှိ ကြသူတွေ လည်း ရှိနေ တာကြောင့် အာဏာပိုင်တွေ အနေနဲ့ စာရင်း အတိအကျ ကောက်ဖို့ ခက်ခဲ နေတယ်လို့ လည်း သိရ ပါတယ်။

ခုချိန်မှာတော့ ရွှေချောင်း ချောင်းရေဟာ ကျသွားပြီဖြစ်လို့ မန္တလေး မုံရွာ စတဲ့မြို့တွေကို သွားလာ နိုင်ဖို့ ကျိုးသွားတဲ့ တံတားအထက်နား မှာ ချောင်းပြင် ကို ဖြတ်ပြီး ယာယီ ကားလမ်းဖေါက်ပေးထား တယ် လို့ လည်း သိရ ပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ် ကိုယ်တိုင်လည်း ရေဘေးသင့် ဒေသ ကို ကွင်းဆင်း စစ်ဆေး တာတွေ လုပ်နေတယ် လို့ ဒေသခံ တွေက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက် က မိုးများခဲ့လို့ စစ်ကိုင်းတိုင်း အထက်ပိုင်း ကလေး နဲ့ ကလေးဝ မှာလည်း မြစ်သာမြစ် နဲ့ နေရဉ္စရာမြစ်ရေ ကြီးလို့ ကလေးမြို့ပေါ် ရပ်ကွက် ၃ ခု နဲ့ ရွာ ၈ ရွာလောက် ရေမြုပ် နေပါတယ်။

ကလေးမြို့ ပတ်ဝန်းကျင်မှာ ရေကြီးပြီး လမ်းတွေ ပျက်နေတာကြောင့် ကလေး ဒေသခံ တွေ အခက်အခဲ ဖြစ်နေတဲ့ အခြေအနေကို ဒေသခံ တယောက် က ဘီဘီစီ ကို ပြောပြ ရာမှာတော့ ညောင်ပင်သာ ဆိုရင် အရှေ့ဖျား၊ မင်္ဂ္လာဦးရပ်ကွက် ဆိုရင်လည်း အရှေ့ဖျား၊ နောက် မင်္ဂ္လာဦး ရပ်ကွက်က မြောက်ဖက်အဖျားက ကန်တလင်း အရှေ့ရွာ၊ နတ်မြောင်း၊ ဇိန်းကလင်း၊ ဖားအိုင်တဲ့ မဲဇလူ တို့ ရေကြီး နေကြကြောင်း နဲ့ ၊ တနေ့လုပ်မှ တနေ့စားရတဲ့ ဒေသခံတွေ ဟာ စားစရာလည်းမရှိ ကြ တာ၊ ရထားလမ်း ကလည်း မရှိ၊ ကားလမ်း ကလည်း မရှိ ဖြစ်နေ တဲ့ အခြေအနေ တွေ ကို ပြောပြ ပါတယ်။

ကလေးမြို့ က ရေဘေး ဒုက္ခသည် တွေကိုတော့ အောင်မင်္ဂ္လာ ဇာတ်ရုံ နဲ့ စာသင်ကျောင်း တွေမှာ ကယ်ဆယ်ရေး စခန်းဖွင့်ပြီး သက်ဆိုင်ရာက ကူညီ နေ ပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့ မှာလည်း မြို့လယ် ကြိုးတံတား ပျက်စီး သွားသလို ချောင်းကူး တံတားတွေ အတော်များများ ပျက်စီးသွားလို့ သွားလာရေးတွေ ခက်ခဲ နေတယ် လို့ သိရ ပါတယ်။

ဒီလိုဖြစ်ရတဲ့ အခြေအနေတွေဟာ သစ်တောတွေ စည်းကမ်းမဲ့ ခုတ်လို့ မြေတိုက်စားတာတွေ၊ ဆည်တမံတွေရဲ့ ခံနိုင်အားတွေ နဲ့ သက်ဆိုင်တယ်လို့ သစ်တော သယံ ဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေး နဲ့ ထိန်းသိမ်းရေး အသင်း ရဲ့ ဒုတိယ ဥက္ကဋ္ဌဌ ဦးအုန်းက သုံးသပ် ပါတယ်။

ချောင်းရေတွေ က မိုးများလို့ က တကြောင်း၊ ဆည်တွေက ရေဒဏ်ကို မခံနိုင်တော့ ဆည်ဘောင်တွေပါ ကျိုးကျတော့ ရွာတွေပါ အကုန်လုံးမျောပါသွားတယ်၊ ဒါက မြစ်ရိုး တလျှောက်မှာ ဆည်တွေလုပ်တာဟာ အန္တရာယ်များတယ်ဆိုတာကို သက်သေပြတာ ဖြစ်တယ် လို့ ဦးအုန်း က ပြော ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"