အစိုးရတပ် တွေနဲ့ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) အကြား  တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ ထောင်ချီပြီး  ထပ်မံထွက်ပြေးနေကြတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ 
 
ကေအိုင်အို  (ကချင်လွတ်လပ်ရေးအဖွဲ့) လိုင်ဇာဌာနချုပ်ဘက်မှာ နောက်ထပ်  တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ  မိုင်ဂျာယန်မှာ လူ ၆၀၀ ခန့်၊ လွယ်ဂျယ်မြို့ မျက်နှာချင်းဆိုင်မှာ ၂,၀၀၀  ခန့် ရောက်ရှိခိုလှုံနေကြတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့  ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။
 ထွက်ပြေးလာသူ အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရသူ မမိုင်ဂျာက ပြောပါတယ်။
“နံပါတ်တစ်များ တာက ကလေးတွေ၊ လူအယောက် ၁,၀၀၀ မှာ ကလေးက ၆၀၀ ကျော်တယ်။  အမျိုးသမီးက ၂၀၀ လောက်။ အခုက အစားအသောက်တွေ အခက်အခဲ ဖြစ်လာတယ်။  မိုင်ဂျာယန်မှာက ၆၀၀ လောက်ပဲရှိပြီး တရုတ်ပြည်ဘက်မှာတော့  အစိုးရအုပ်ချုပ်တဲ့ မျက်နှာချင်းဆိုင်က ရွာတွေမှာ ရှိတယ်။ ၂,၀၀၀  ကျော်ရှိတယ်။ မနက်ဖြန် အဲဒီ ၂,၀၀၀ ကျော်ကို အစားအသောက်  ခွဲဝေပို့ဆောင်ဖို့ အခက်အခဲရှိနေတယ်။”
ကချင်လို  ‘ဝမ်ပေါင် မင်းထွေး’ ဗမာလို ‘လူထုအလင်း’ လို့ အမည်ပေးထားတဲ့  ပူးတွဲကယ်ဆယ်ရေးအဖွဲ့မှာ ကချင်လူမှုဖွံ့ဖြိုးရေးအသင်း၊  ခရစ်ယာန်အသင်းတော်နဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ  ပူးပေါင်းပါဝင်ပါတယ်။
အဲဒီစာရင်း ထဲမှာ မန်စီနယ်ထဲက တိုက်ပွဲတွေကြောင့် ကူညီသူတွေရှိရာ နယ်စပ်ဘက်ကို  မလာရောက်နိုင်ဘဲ တောထဲမှာ ပုန်းအောင်းနေတဲ့ စစ်ပြေးဒုက္ခသည် ၁,၀၀၀  နီးပါး မပါသေးဘူးလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၃  လလောက်က ဒေသခံတွေဆီက အလှူလိုက်လံကောက်ခံရရှိတဲ့ အစာရေစာတွေ  ရှိပေမယ့် နောက်ပိုင်းမှာ ပြတ်လပ်လာပြီလို့လည်း မမိုင်ဂျာက ပြောပါ  တယ်။
တရုတ်အစိုး ရကလည်း စစ်ပြေးဒုက္ခသည်တွေကို ရွာတွေဘက်မှာ  နေထိုင်ခွင့်ပေးထားပေမယ့် ထိုင်း-မြန်မာနယ်စပ်မှာလို  ဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ခွင့်မပြုသေးဘူးလို့လည်း ပြောပါတယ်။
ကေအိုင်အို(ကချင်လွတ်လပ် ရေးအဖွဲ့) ဌာနချုပ်ရှိရာ လိုင်ဇာဘက်မှာ ကနဦးပိုင်းက စစ်ပြေးဒုက္ခသည်  ၂၂,၀၀၀ ကျော် ရှိထားပြီးဖြစ်တာကြောင့် အခုသူတို့ဘက်က ဒုက္ခသည်တွေပါ  ပေါင်းလိုက်ရင် ၃၀,၀၀၀ ဝန်းကျင်လောက် ရှိပြီလို့ မမိုင်ဂျာက  ပြောပါတယ်။
တရုတ်အစိုးရက  နေထိုင်ခွင့်ပေးထားတယ်ဆိုရုံသာ ပေးထားပြီး အကူအညီပေးတာ  မရှိသေးဘူးလို့ ဆိုပါတယ်။ ခုထိတော့ နိုင်ငံကာအကူအညီတွေ မရရှိသေးဘဲ  အခက်အခဲကြုံနေတယ်လို့ မမိုင်ဂျာက ပြောပါတယ်။
“နိုင်ငံတကာက  ဘာမှကိုမလာတာ။ အမတို့လည်း သုံးလ အတောအတွင်းမှာတော့ ဒေသခံတွေဆီကနေ  ကူညီနေတယ်။ သူတို့ဆီက တောင်းခံထားတယ်။ ပြီးလို့ရှိရင်  သုံးလေးလကြာလာရင်တော့ နိုင်ငံတကာက တခုခုတော့  ရလာနိုင်ကောင်းပါတယ်ဆိုပြီး စောင့်မျှော်နေတာ။  နည်းလမ်းအမျိုးမျိုးနဲ့ တတ်နိုင်သလောက်လည်း ကြိုးစားကြည့်တယ်။  အဖြေရတာတော့ အစိုးရအပြောင်းအလဲကြောင့်မို့လို့  ပြောင်းလဲမှုတွေလုပ်နေတဲ့ အနေအထားမှာ နိုင်ငံတကာက  ကူညီစောင့်ရှောက်တဲ့ အဖွဲ့တွေကလည်း အဲဒီနယ်စပ်ကို ဖြတ် ကျော်ပြီးမှ  ကူညီတဲ့ဟာတွေ ဘာမှစိတ်ဝင်စားမှု သိပ်မရှိဘူးဖြစ်နေတယ်။”
အစိုးရနဲ့ ကေအိုင်အိုအကြား ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကစပြီး အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ပြီး တိုက်ပွဲဖြစ်နေတာပါ။ 
No comments:
Post a Comment