ထိပ်ဆုံး သတင်း :
Home » » ကချင်တောင်ပိုင်းတွင် မြန်မာအစိုးရတပ်သား ၁ ဦးသေ ၃ ဦးဒဏ်ရာရ

ကချင်တောင်ပိုင်းတွင် မြန်မာအစိုးရတပ်သား ၁ ဦးသေ ၃ ဦးဒဏ်ရာရ

10/06/2011 12:22:00 PMတွင်ရေးသည်


army2
KIA ဗဟိုဌာနချုပ် လိုင်ဇာအ၀င်ပေါက် လဂျားယန်ရွာအနီး နေရာယူထားသော KIA စစ်သားတစ်ဦး။
ကချင်ပြည်နယ်တောင်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် စက်တင်ဘာ (၄) ရက်၌ ဖြစ်သည့် တိုက်ပွဲတွင် မြန်မာအစိုးရတပ်သား ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိသည်ဟု တိုက်ပွဲဖြစ်ရာဒေသမှ ဒေသခံများပြောသည်။
သေကြေဒဏ်ရာရသူများမှာ မန်မော်(ဗန်းမော်)အခြေစိုက် ခလရ (၄၇)မှ ဖြစ်သည်ဟု ဆိုသည်။

(၃) နာရီကြာ မန်ဂျေ(မံစီ)မြို့အ၀င် ရွာသစ်ကုန်းကျေးရွာ KIA စခန်းအား မြန်မာအစိုးရတပ်က တိုက်ခိုက်ခြင်းဖြစ်သည်ဟု KIA တပ်ရင်း (၁) အရာရှိများ ပြောသည်။
mansi-myenကျောင်းဆင်းချိန် ကျောင်းသူကျောင်းသားများကို ကျည်ကွယ်ပြု၍ မြန်မာအစိုးရစစ်ကြောင်းက ယင်း KIA တပ်စခန်းကို တိုက်ခိုက်လာသည်ဟု မန်ဂျေဒေသခံများပြောသည်။

နောက်တစ်ရက် စက်တင်ဘာ (၅) ရက်တွင်လည်း ထိုနေရာ၌ပင် မွန်းလွဲပိုင်းမှ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့သည်။ (၄) နာရီကြာပစ်ခတ်ကြပြီးနောက် မြန်မာအစိုးရတပ် ဆုတ်ခွာသွားသည်ဟု ဒေသခံများပြောသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"