ထိပ်ဆုံး သတင်း :
Home » » ရှမ်း/မြောက်ဒေသမှ စစ်ပြေးများ၏ ဒုက္ခ

ရှမ်း/မြောက်ဒေသမှ စစ်ပြေးများ၏ ဒုက္ခ

10/02/2011 02:10:00 PMတွင်ရေးသည်

မူဆယ်ဘုရားကျောင်းဝင်းတွင် ခိုလှုံနေသော စစ်ပြေး ဒုက္ခသည်များ

စစ်ဘေးကြောင့် ရပ်ရွာစွန့်ခွာ ပြေးသူများကို လမ်းခရီးတွင် အစိုးရ စစ်တပ်မှ နိပ်စက် နေကြောင်း စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်အာဏာရှင် အစိုးရစစ်တပ်မှ အပြင်းအထန် ထိုးစစ်ဆင်သဖြင့်  အနီးအနား ကျေးရွာများမှ ရွာသူရွာသားများသည် ဘေးကင်းရာသို့ အသီးသီး ထွက်ပြေး နေကြရကြောင်း စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာ ၃၀ ရက်ထိ စစ်ပြေး ဒုက္ခသည်များမှာ  ..
၁။ မုန်းပေါ်၊ ဟိုဝါးမန်ပိန်း ကျေးရွာမှ ၇၀ ဦး၊
မုန်းပေါ်၊ မန်နောင်ကျေးရွာမှ ၅၀ ဦး၊

မုန်းပေါ် ဈေးရပ်မှ ၈၈ ဦး ရှိပြီး K.I.A တပ်မဟာ (၃) နေရာ မိုင်ဂျာယန်သို့ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၈၀) ကျော် လာရောက် ခိုလုံနေကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်ပြေးလာသူ အများစုမှာ နီးစပ်ရာ ဆွေမျိုးများရှိရာ နေရာများတွင် ခိုလုံနေကြကြောင်း သိရှိရပါတယ်။ သက်ကြီးရွယ်အိုများ၊ ရပ်ရွာမှ ထွက်ခွာပြေးရန် မ၀ံ့ရဲသူများသာ နေရပ်တွင် ဒုက္ခခံကာ ကျန်ရစ်ခဲ့ကြကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများကို လမ်းခရီးတွင် စစ်အာဏာရှင် အစိုးရစစ်တပ်မှ  နိုပ်စက် ညှင်းပန်းခြင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရပါတယ်။ 

စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျမတို့ကို ယောက်ျားလေး သုံးယောက်က ဆိုင်ကယ်နဲ့ လိုက်ပို့ပါတယ်။ နှစ်ယောက်က ၁၃-၁၄ နှစ် အရွယ်ပါ။ တစ်ယောက်ကတော့ အသက် ၁၉ နှစ်အရွယ် မရန်လဒဲပါ။ မန်ဂျယ်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းမှ  သင်းထောက် ဦးမရန်တောင်ရဲ့ သားဖြစ်ပါတယ်။ အဲဒီ မရန်လဒဲကို ခေါင်းမှာ ပလတ်စတစ်စွပ်ပြီး ရေလောင်းထည့်ပါတယ်။ ကျမတို့ရဲ့ ပစ္စည်းတွေကိုလည်း ခြိမ်းခြောက် စစ်ဆေးပြီး တစစီ လုပ်ပစ်ပါတယ် ဟု ကိုယ်တိုင် တွေ့ကြုံ ခဲ့ရသူ ဦးဒေါ့ရှီဂမ်မော်၏ ဇနီး၏ ပြောကြားချက်အရ သိရှိရပါတယ်။

လတ်တလော ထွက်ပြေးလာသူများကို ဘုရားကျောင်းများမှ  စစ်ပြေး ဒုက္ခသည် စခန်းဖွင့်လှစ်ကာ တာဝန်ယူ အကူအညီပေးနေကြောင်း သိရှိရပါတယ်။

လက်ရှိ ဖြစ်ပွားနေသော စစ်ကြောင့် စစ်ဘေးရှောင်လာသူများကို ဘုရားကျောင်းများမှ တာဝန်ယူ စောင့်ရှောက် ထားသည်။ သက်ဆိုင်ရာ စစ်အစိုးရက စစ်ပြေး ဒုက္ခသည် (၅၀၀၀) သာရှိသည်ဟု ကြေငြာ ထားသော်လည်း လက်တွေ့မှာမှု ၀ိုင်းမော်၊ မြစ်ကြီးနား နှစ်မြို့နယ်တွင်ပင် စစ်ပြေး ဒုက္ခ သည်ပေါင်း (၁၆၀၀၀) တစ်သောင်း ခြောက်ထောင် ကျော်ရှိသည်ဟု ဒုက္ခသည်များကို လက်တွေ့ အကူအညီ ပေးနေသည့်  KBC ကယ်ဆယ်ရေး ကော်မတီမှ စုံစမ်းသိရှိရပါတယ်။ ထို့ပြင် K.I.O ဌာနချုပ် လိုင်ဇာတွင် စစ်ဘေးဒုက္ခသည် (၂၀၀၀၀) နှစ်သောင်း ကျော်ရှိသည်ဟု Simsa Kasa သတင်း ဂျာနယ်မှ သိရှိ ရပါတယ်။
kachinboy
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"