ပြည်သူ့လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို  ပြင်ဆင်လိုက်တာကြောင့် NLD ပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အလားအလာတွေ  ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို  ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ်  ဦးဥာဏ်ဝင်းက ပြောပါတယ်။
      
      NLD ပါတီက ကန့်ကွက်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ  ရွေးကောက်ပွဲဥပဒေထဲက အချက်တချို့ကို လွှတ်တော်ကနေ ပြင်ဆင်ချက် ပေးလိုက်ပြီ  ဖြစ်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့  အလားအလာတွေ ရှိနေတာလို့ သိရပါတယ်။ ဒါပေမယ့် ဒီဆောင်ရွက်မှုအတွက် NLD  ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဦးဥာဏ်ဝင်းက- ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း၊ မိမိ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တာကို မြင်လိုပါတယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုတယ်လို့ သိရပါတယ်။
      အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်  ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက်  ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး  (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ  ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။  (Photo: AFP)
ဦးဥာဏ်ဝင်းက- ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း၊ မိမိ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တာကို မြင်လိုပါတယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုတယ်လို့ သိရပါတယ်။
No comments:
Post a Comment