ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် လော်ဒန်ကျေးရွာ အနီးတွင်အစိုးရတပ်များနှင့် ကေ အိုင်အေ အဖွဲ့များတိုက် ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းအစိုးရတပ်များမှ လက်နက် ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလော်ဒန်ကျေးရွာ မှ ဒေသခံများမှ ပြောကြားခဲ့ပါတယ်။
လက်နက်ကြီးထိမှန် ခံရသော ကေအိုင်အေ စစ်သည်များအား အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မိုင်ဂျာယန်ဆေးရုံ သို့ ရောက်ရှိ ပြီး ဆးကုသနေတယ်လို့သိ ရပါတယ်။“အဲ ဒီနေ့ က ဆေးရုံ ကိုရောက်လာတာ ၃ ယောက်လေတပ်ကြပ် တစ်ယောက်ပါတယ်။ ၃ ယောက် စလုံးစိုးရိမ် ရတယ်။ အရင်က ဆေးရုံမှာ၂ ယောက် ခုက ၃ယောက် ဆိုတော့ အားလုံး ၅ ယောက် ဆးရုံမှာ ဆေးကု သနေတယ်” လို့ မိုင်ဂျာယန်မှ မျက်မြင်တစ် ဦးမှ ပြော ကြားခဲ့ပါတယ်။

No comments:
Post a Comment