ထိပ်ဆုံး သတင်း :
Home » » မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို အဆင့်ချင်း အလိုက် တုံ့ပြန်မယ်လို့ Campbell ပြော

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို အဆင့်ချင်း အလိုက် တုံ့ပြန်မယ်လို့ Campbell ပြော

10/10/2011 10:41:00 PMတွင်ရေးသည်

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး မြန်မာဘက်က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အမေရိကန် အစိုးရ အနေနဲ့လည်း မူဝါဒရေးရာအရ အဆင့်ချင်းအလိုက် တုံ့ပြန်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဟောပြောပွဲမှာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ပြောကြားနေစဉ်။ (ဓါတ်ပုံ - RFA)
အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဒီကနေ့ ကျင်းပတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဟောပြောပွဲမှာ Mr. Campbell က အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး စိုးရိမ်စရာတွေ ရှိနေပေမယ့် မြန်မာမှာ တစ်မုဟုတ်ချင်း ပြောင်းလဲတာတွေ ဖြစ်နေတာကတော့ မငြင်းနိုင်စရာပါလို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလို ကိစ္စတွေမှာ တိုးတက်မှု ရှိစေချင်တာကို အတိအလင်း ပြောကြားထားပြီး ဖြစ်ကြောင်း၊ မြန်မာဖက်က ခြေလှမ်းတိုင်းကို အမေရိကန်ဘက်က တန်းတူညီတဲ့ ခြေလှမ်းတွေနဲ့ တုံ့ပြန်သွားမှာ ဖြစ်ကြောင်းလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားသွားပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ အကြား အကျိုး ရလဒ် ရှိတဲ့ ဆွေးနွေးမှုတွေ ရှိနေပါတယ်လို့လည်း သူက ပြောပါတယ်။ ဒီဟောပြောပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ပြောခဲ့တာတွေနဲ့ ပတ်သက်လို့ ဒီပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ RFA ၀ိုင်းတော်သား ဦးကိုကိုအောင်ရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"