Friday, October 21, 2011

ငွေကြေးစနစ် အကြံပေးဖို့ IMF ရောက်လာပြီ

မြန်မာ့ ငွေကြေး နဲ့ နိုင်ငံခြားငွေ လဲလှယ် နှုန်း တပြေးညီ ဖြစ်ရေး ပြောင်းလဲ မှု အတွက် အကြံပေး ဖို့ IMF ကိုယ်စားလှယ် အဖွဲ့ မြန်မာပြည် ကို ရောက်ရှိ နေ ပါတယ်။

IMF ဟာ နိုင်ငံတကာ အတွေ့အကြုံ အရ သူတို့ ရဲ့ အကြံဉာဏ်တွေ ကို မြန်မာနိုင်ငံ ရဲ့ ငွေကြေး စနစ် ပြုပြင် ပြောင်းလဲရေး အတွက် ပေးမှာ လို့ မျှော်လင့်ရ ပေမယ့် ဒီ အကြံဉာဏ် တွေ က ကိုယ့် နိုင်ငံ နဲ့ လိုက်ဖက်မှု ရှိမရှိ ကိုယ် ကိုယ် တိုင် က ဆုံးဖြတ် လုပ်ကိုင် ဖို့ လိုတယ် လို့ ကမ္ဘောဇ ဘဏ် ဒု ဥက္ကဌ ၂ ဦးသန်းလွင် က ဘီဘီစီ ကို ပြော ပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/06/15/110615010632_kyat_in_big_226x170_ap_nocredit.jpg
IMF က မြန်မာ ငွေကြေး လဲနှုန်း တညီထဲဖြစ်ရေး ကူညီ နေ
အချိန်ကာလ အနည်းငယ် အတွင်း မြန်မာငွေ နဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း သတ်မှတ် လိုက်တာ မျိုး ဖြစ်နိုင်ချေ မရှိ ပါဘူး လို့ လည်း သူ က တွက်ဆ ပါတယ်။

မြန်မာငွေ နဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း သေချာ စွာ သတ်မှတ် နိုင်ရေး အတွက် ဘက်ပေါင်းစုံ က သေချာစွာ စဉ်းစား သတ်မှတ် ကြဖို့ ပညာရှင် တွေက ထောက်ပြ နေကြ ပါတယ်။

No comments:

Post a Comment