ထိပ်ဆုံး သတင်း :
Home » » K.I.A ဌာနချုပ် လိုင်ဇာ အနီးထဝိုက် စစ်တပ်အင်အားဆက်လက်တိုးချဲ့

K.I.A ဌာနချုပ် လိုင်ဇာ အနီးထဝိုက် စစ်တပ်အင်အားဆက်လက်တိုးချဲ့

10/03/2011 07:17:00 AMတွင်ရေးသည်

Kachin Independence Army

အောက်တိုဘာလ ၂ ရက် ၂၀၁၁ K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ အနီးတဝိုက် ကျေးရွာများတွင် စစ်တပ် စစ်အင်အား ပိုမိုတိုးချဲ့လျက်ရှိကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရပါတယ်။ ကချင်ပြည်နယ် ရှဒန်ပါ ကျေးရွာနှင့် အောင်ဂျာယာန်ကျေးရွာ အကြား ခါလာ ကျေးရွာတွင် စစ်တပ် အင်အား ပိုမိုများပြား လာနေကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာလည်း K.I.A ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာအနီးရှိ လဂျား ယာန်ကျေးရွာ အထက်ဘက်မှာ ရှိတဲ့ ဦး လယင်ဝါ ရဲ့ ငှက်ပျောသီးခြံနှင့် ရာဘာခြံများတွင် စစ်တပ် အင်အား (၂၀၀) နှစ်ရာကျော် ရောက်ရှိ နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ဂလန်ဂျာကျေးရွာမှာ တိုက်ပွဲဖြစ်

အောက်တိုဘာလ ၂ ရက် ၂၀၁၁ K.I.A တပ်ဖွဲ့ဝင်များနှင့် စစ်တပ်တို့အကြား ဒီမနက် ဂလန်ဂျာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ နှစ်ဖက်စလုံးမှ အခြေအနေများကို ဆက်လက်စုံစမ်းဆဲပါ..။
ယခုအချိန်များတွင် ကချင်လွတ်မြောက်ရေး တပ်မတော် K.I.A နယ်မြေများဖြစ်တဲ့ နမ်ဆန်ယာန်၊ ဘန်ဒေါင်ယာန်နှင့် တခြားကျေးရွာများတွင် စစ်အာဏာရှင် အစိုးရစစ်တပ်တို့မှ စစ်အင်အားများ တိုးချဲ့လျက်ရှိနေကြောင်း၊ တချို့တပ်တွင်ဟာ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ K.I.O/K.I.A ဗဟိုကော်မတီမှလည်း K.I.A ဌာနချုပ်များ၊ တပ်မဟာများ၊ တပ်ရင်းများအားလုံးကို အမြဲ အဆင်သင့်ဖြစ်နေ ဖို့ရန်နဲ့၊ ကိုယ့်နယ်မြေများတွင် ဝင်ရောက်လာသော ရန်သူများကို အပြတ်ချေမှုန်းရန် အထူး သတိပေး လိုက်ပြီဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ စစ်တပ်ရဲ့ တိုက်လေယာဉ်များဟာ အချိန်မရွေး ဝင်ရောက် တိုက်ခိုက် လာနိုင်ကြောင်း K.I.A ထောက်လှမ်း ရေးများမှ အထူး သတိပေးထားကြောင်း K.I.A အထူးသတင်းများအရ သိရှိရပါတယ်။
kachinboy
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"