ထိပ်ဆုံး သတင်း :
Home » » ပန်ဆေးပြည်သူ့စစ် စခန်းကို KIA စီးနင်းတိုက်ခိုက်

ပန်ဆေးပြည်သူ့စစ် စခန်းကို KIA စီးနင်းတိုက်ခိုက်

10/13/2011 04:41:00 PMတွင်ရေးသည်

http://www.mongloi.org/burmese/images/stories/newspictures/2011/october/U-kyaw-myint.gif
ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ၁၂ မိုင်အနီးရှိ ပန်ဆေးပြည်သူ့စစ် တပ်စခန်းတစ်ခုအား ယခုလ ၁၂ ရက် နေ့ ညပိုင်း ၁ နာရီခန့်တွင် KIA အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ゞင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦးခန့် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်သူ တစ်ဦးကို တရုတ် ပြည် မန်စီမြို့ဆေးရုံသို့ ယမန်နေ့နေ့လည်ပိုင်းက ပို့ဆောင်လိုက်ကြောင်း မျက်မြင် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
kia-soilderလူနာအား မူစယ် - ကျယ်ဂေါင် ဆင်ဖြူအဝင်အထွက်ဂိတ်မှ တဆင့် တရုတ်ပြည်အတွင်းသို့ သယ်ဆောင်ရာ တွင် တရုတ် အာဏာပိုင်များက ဝင်ခွင့်မပြုသဖြင့်နှစ်ဘက်အချိန်အတန်ကြာအောင် ညှိနှိုင်းခဲ့ရကြောင်းသူက ဆိုသည်။

“ဒဏ်ရာရတာတော့ ၅ ယောက်လောက်ရှိတယ် ဒဏ်ရာပြင်းတဲ့ တစ်ယောက်ကို မန်စီဆေးရုံပို့လိုက်တယ် ဆင်ဖြူ ဂိတ်မှာ တရုတ်က ဝင်ခွင့်မပြုဘူး ပြဿနာအတော်တက်တယ် နောက်ပိုင်းမှ ဝင်ခွင့် ပေးလိုက်တာ အခုမန်စီဆေးရုံ မှာ တက်နေ တယ် ” ဟု သူက ဆိုသည်။

ゞင်းအဖွဲ့သည် နမ့်ခမ်းမြို့နယ် ပန်ဆေးကျေးရွာ ဋ္ဌဌာနေပြည်သူ့စစ် အဖွဲ့ဖြစ်ပြီး မူစယ်မြို့ Royal ဟော်တယ်နှင့် နယ်စပ်တစ် လျှောက်တွင် လောင်းကစားဝိုင်းများဖွင့်ခြင်း တရားမဝင်ကယ်ရီကုန်များ သယ်ယူပို့ဆောင်ပေးခြင်း စသည့်လုပ်ငန်းများမှ ရရှိသည့်ဝင်ငွေဖြင့် ရပ်တည်နေကြောင်း သိရသည် ။


ယခုရက်ပိုင်းအတွင်း KIA အဖွဲ့မှတရုတ် - မြန်မာနယ်စပ်ရှိ မြန်မာအစိုးရ စစ်တပ်စခန်းများကို စီးနင်းတိုက် ခိုက် နေရာ လွယ်ဂျယ်မြို့အနီးရှိဂျန်မိုင်ကောင်စခန်းကိုယခုလ ၁၁ ရက်နေ့က စီးနင်းသိမ်းပိုက်ခဲ့သေးကြောင်း သိရသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"