Tuesday, October 18, 2011

KIA မှတံတားတစ်ခုထပ်မံဖောက်ခွဲ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က ဂါရားယန်ကျေးရွာအနီး ၀ိုင်းမော်-လိုင်ဇာသွားကားလမ်းပေါ်မှာရှိတဲ့ နန့်တဘက်ချောင်းတံတားဖောက်ခွဲဖျက်ဆီးခံရကာ ပြိုကျခဲ့ကြောင်းသိရှိရပါတယ်။
တံတားအကျယ် ၂၈ ပေနှင့် အရှည် ၁၃ ပေ ရှည်လျားပြီး ခံနိုင်ဝန်တန် ၆၀ ရှိတဲ့ ကွန်ကရိတံတား တစ်ခုဖြစ်ပါတယ်။
လိုင်ဇာကိုသွားတဲ့လမ်းကြောင်းကို မြန်မာအစိုးရတပ်တွေ လာမှာဖြစ်တဲ့အတွက်ကြောင့် ယခုလိုလမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်နေတဲ့ တံတားတစ်ခုကိုဖောက်ခွဲမှုပြုလုပ်လိုက်ရတာဖြစ်ပေမယ့် ဒီလမ်းကို အားထားပြီး ကုန်သွယ်မှုတွေ ပြုလုပ်နေတဲ့ ဒေသခံကုန်သည်များအတွက်တော့ စိတ်မကောင်းဖြစ်နေခဲ့တယ်လို့ သိရပါတယ်။
KIA  တပ်တွေအနေနဲ့ကတော့ ယခုလိုပြုလုပ်ခဲ့တာဟာ မြန်မာအစိုးရတပ်တွေ လိုင်ဇာကိုမလာနိုင်တော့တဲ့အတွက် အောင်မြင်မှုရရှိပြီးမှန်ကန်မှုရှိတဲ့ လုပ်ဆောင်ချက်တစ်ခုဘဲဖြစ်ပါတယ်လို့ KIA  တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောဆိုလာခဲ့ပါတယ်။

No comments:

Post a Comment