
KIA အရပ်သား တပ်ဖွဲ့ဝင် တစ်ဦး။
အောက်တိုဘာ ၁၁ ရက် အင်္ဂါနေ့တွင် နှစ်ဖက်ကြား ၂၄ နာရီနီးပါး တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းစခန်းကို KIA က သိမ်းပိုက်လိုက်သည်ဟု သိရသည်။
ဗန်းမော်ခရိုင် လွယ်ဂျေမြို့နယ်ခွဲမှ တောင်ထိပ်ပေါ်နေရာယူထားသည့် မြန်မာအစိုးရတပ်၏ ဂျန်မိုင်တပ်စခန်းအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နှင့် (၂၁) ပူးပေါင်း တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက သိမ်းပိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
ရွှေညောင်ပင်(၀ိုင်းမော်မြို့နယ်) ခမရ (၃၂၁) မှ အင်အား ၂၀ ခန့်ရှိ ဂျန်မိုင်စခန်းအား KIA ပူးပေါင်းတပ်ဖွဲ့က ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် စတင်တိုက်ခိုက်သည်ဟု ဆိုသည်။

တရက်တာတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိသည်။ ထို့အပြင် စိန်လုံကျေးရွာတွင်လည်း KIA တပ်ဖွဲ့ဝင် ၂ ဦး ထပ်မံ ကျဆုံးသည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။
ယခုသီတင်းပတ်အစောပိုင်းကတည်းက ဗန်းမော်ခရိုင်ထဲ မြန်မာအစိုးရတပ်အင်အား ထပ်တိုးနေဆဲဖြစ်သည်ဟု မျက်မြင်သက်သေများပြောသည်။
No comments:
Post a Comment