Saturday, October 22, 2011

KIAစစ်သားဟောင်းများKIAကိုပြန်မလာချင်တော့

လိုင်ဇာရှိ ကေအိုင်အေတပ်မတော်ဌာနချုပ်အား မြန်မာအစိုးရတပ်များလာရောက်တိုက်ခိုက်ပါက ကြိုတင်လက်ဦးမှုရရှိရေးအတွက် ဖီတာဘွမ်တောင်ကြော၊မဒန်ယန်၊ချောင်းထောက်နှင့်ကျော်ခေါင်ကျေးရွာ

အနီးတစ်ဝိုက်တွင် KIA တပ်ဖွဲ့ဝင်များဖြန့်ကျက်နေရာယူလျက်ရှိသည်။အဆိုပါတပ်ဖွဲ့များတွင်လက်ရှိ KIA တပ်ဖွဲ့များနှင့်အတူ KIAမှ အနားယူထားသူများပါပြန်လည် တာဝန်ပေးအပ်ထားသည်။ အနားယူKIAစစ်သား ဟောင်းများမှာ စစ်တိုက်ရန်မလိုလားသော်လည်း KIAစစ်ဦးစီးချုပ် အမိန့်အရပြန်လည် တာဝန်ထမ်းဆောင် နေရခြင်းဖြစ်သည်။

အဆိုပါအဖွဲ့ဝင်များအား ပြည်သူ့တပ်ဖွဲ့အမှုထမ်းဟု သုံးနှုန်းခေါ်ဆိုထားသော်လည်းရိက္ခာပြည့်ပြည့် ၀၀ပေးထားခြင်းမရှိပေ။လက်ရှိKIA တပ်မတော်တွင် သင်တန်းဆင်းအရာရှိငယ်များ၏အမိန့်အတိုင်း လုပ်ဆောင်နေရသည်။ အရာရှိများမှာငယ်ရွယ်ခြင်း၊စစ်ရေးအတွေ့အကြုံမရှိခြင်းတို့အပြင်ဆက်ဆံရေးပိုင်း မှာလည်း မောက်မာမှုရှိနေသည့်အတွက် KIAစစ်သားဟောင်းများနှင့်သဘောထားမတိုက်ဆိုင်ကြပေ။ လိုင်ဇာမှအရေးတကြီးဆင့်ခေါ်တာဝန်ပေးမှုကြောင့်သာ လက်နက်ပြန်လည်စွဲကိုင်နေရခြင်းဖြစ်၍ တပ်ဖွဲ့ များအတွင်းမကျေနပ်မှုများပိုမိုများပြားလျက်ရှိနေသည်။
KIA စစ်သားဟောင်းကြီးများအနေဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အားထောက်ခံမှု အပြည့်ရှိနေသော်လည်း ယခုကဲ့သို့ အစိုးရနှင့်KIAပြေလည်မှုမရှိခြင်းကို မလိုလားကြပေ။KIA အနေဖြင့် လည်းစစ်တိုက်မှုအတွေ့အကြုံနည်းပါးနေသည့်အတွက် KIA တပ်မဟာ(၃)တပ်ရင်း(၁) မှဗိုလ်ကြီးဇော်လ ဦးစီးအဖွဲ့များနှင့်အတူတိုက်ပွဲဝင်ရန်ကချင်စစ်သားဟောင်းများကိုပြန်လည်ခေါ်ယူအသုံးပြုနေခြင်းဖြစ်သည်။ KIAဟောင်းများမှာလက်ရှိKIAဗိုလ်ကြီးများနှင့် လက်တွဲလိုခြင်းမရှိဘဲသူတို့အား သူတို့နယ်မြေအလိုက် တစ်သီတစ်ခြားတာဝန်ပေးစေလိုကြောင်း၊ကိုယ့်ကျေးရွာဒေသကို ကိုယ့်ဘာသာတာဝန်ယူမည်ဖြစ်ကြောင်း KIA စစ်ဦးစီးချုပ်ထံတင်ပြထားသည်ဟု ကချင်စစ်သားဟောင်းတစ်ဦးက KDN သို့ပြောကြားပါသည်။

No comments:

Post a Comment