ထိပ်ဆုံး သတင်း :
Home » » ဗေဒါကျောင်း သင်တန်းဆင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

ဗေဒါကျောင်း သင်တန်းဆင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

11/01/2011 07:10:00 AMတွင်ရေးသည်

ဒီကနေ့ မနက် ဆယ်နာရီက သင်္ဃန်းကျွန်း မြို့ နယ်မှာ ကျင်းပတဲ့ ဗေဒါ အခမဲ့ ပညာရေးကျောင်း စာကြည့်တိုက် ဖွင့်ပွဲ နဲ့  သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ ပါတယ်။
NLD
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ကျင်းပပြုလုပ်သည့် ဗေဒါ အခမဲ့ပညာရေးကျောင်း စာကြည့်တိုက်ဖွင့်ပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စကားပြောဆိုနေစဉ်။
ကျောင်းတည်ရှိရာ သင်္ဃန်းကျွန်း မြို့ နယ် ၁၆/၃ ရပ်ကွက၊် သုမန လမ်း၊ အမှတ် (၄၅၃) မှာ ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သူရ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ CRPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ရန်ကုန်တိုင်း စည်းရုံးရေး ကော်မတီ တာဝန်ခံ ဦးစောနိုင်းနိုင်း နဲ့ မြို့နယ်ခေါင်းဆောင်တွေ၊ ဗေဒါကျောင်း ကြီးကြပ်ရေး ကော်မတီဝင်တွေ၊ ဆရာ ဆရာမတွေ တက်ရောက်ခဲ့ကြ ပါတယ်။ ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တယ်ဆိုတာ သိကြလို့ ကျောင်းရှေ့ မှာ လာရောက် ကြိုဆိုကြတဲ့ ပရိသတ် ငါးရာလောက် ရှိပြီး ၊ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ ပရိသတ်ကို ကျောင်းအပေါ်ထပ် ဝရံတာကနေ နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။ အခုလို သင်တန်းတွေ ဖွင့်လှစ်ရတာ ပြည်သူတွေ ပညာ တိုးတက် ရရှိပြီး၊ တန်ဖိုးရှိသူတွေ ဖြစ်အောင် ရည်ရွယ်ကြောင်း ဦးဆုံး ရှင်းလင်း ပြောဆိုပါတယ်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်တစ်ပြည်မှာ သဘာဝ သယံဇာတတွေထက် ပြည်သူတွေက ပိုပြီး တန်ဖိုးရှိကြောင်း၊ ပြည်သူတွေ ကျန်းမာသန်စွမ်းပြီး ပညာတတ်မှ တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဒီလို စွမ်းဆောင်နိုင်အောင်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ဖြည့်ဆည်းပေးနေတာ ဖြစ်ကြောင်း နိုင်ငံရေး လုပ်သူတွေ အနေနဲ့ ပြည်သူတွေ အပေါ် တန်ဖိုးထား လေးစားရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ သူရဦးတင်ဦး နဲ့  ဗေဒါကျောင်း ကြီးကြပ်ရေး အဖွဲ့ဝင် ဦးစိုးမြင့်တို့ ကလည်း အမှာစကား ပြောကြားပါတယ်။ သင်တန်း ကြီးကြပ်ရေး ကော်မတီဝင် ဦးကိုကိုမြင့်နဲ့  ကိုမျိုးရန်နောင်သိန်းတို့ ကလည်း သင်တန်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားကြပါတယ်။ အဲဒီနောက် နိုင်ငံရေးသိပ္ပံ အပတ်စဉ် (၈) တစ်လခွဲ သင်တန်းဆင်း ၂၆ ယောက်နဲ့ လူမှု အဖွဲ့အစည်းများ ဖွဲ့စည်းပုံ သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်း ၁၅ ယောက်၊ စုစုပေါင်း ၄၁ ယောက်ကို NLD ခေါင်းဆောင်များနဲ့ ကျောင်းကြီးကြပ်ရေး ကော်မတီဝင်တွေက သင်တန်းဆင်း လက်မှတ် ပေးအပ်လိုက် ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"