ထိပ်ဆုံး သတင်း :
Home » » အမေရိကန်ကိုယ်စားလှယ်တွေနဲ့ အင်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဆွေးနွေး

အမေရိကန်ကိုယ်စားလှယ်တွေနဲ့ အင်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဆွေးနွေး

11/05/2011 07:06:00 AMတွင်ရေးသည်

အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ အင်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေ လုံလောက်မှု မရှိသေးကြောင်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

AFP PHOTO/Soe Than WIN
နားဆင်ရန်...


၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စ်နာ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အထူး ကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်တို့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်လ်ဒီ ပါတီခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ AFP PHOTO/Soe Than WIN
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး (မိုက်ကယ် ပေါ့စ်နာ)နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အထူး ကိုယ်စားလှယ် (ဒဲရက် မစ်ချဲလ်)တို့ဟာ အင်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေကို ဒီကနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုခဲ့ပါတယ်။ “မြန်မာနိုင်ငံ တိုးတက်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဆွေးနွေးတာပါ။ ဒီမိုကရေစီနဲ့ ပတ်သက်လို့ တချို့တိုးတက်မှုတွေ ရှိသလို လိုအပ်သလောက်လည်း မရှိသေးဘူး ဆိုတာတော့ ဒါလည်း အမြဲ ပြောလာတဲ့ ကိစ္စ” အမေရိကန် ကိုယ်စားလှယ်တွေရဲ့ မြန်မာပြည် ခရီးစဉ်ဟာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ပြဿနာနဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို လေ့လာဖို့ ဖြစ်တယ်လို့ အမေရိကန် အစိုးရက သတင်းထုတ်ပြန် ခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ တွေ့ဆုံရာမှာလည်း အမေရိကန် ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ အမြန်ဆုံး ပေါ်ပေါက်လာအောင် သူတို့အနေနဲ့ မြန်အစိုးရကို တိုက်တွန်း ဆွေးနွေးခဲ့တယ်လို့ ရှင်းပြခဲ့ကြောင်း NLD ပါတီ ဒုဥက္က္ကဋ္ဌ ဦးတင်ဦးက ဆိုပါတယ်။ အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံရေးမူဝါဒအရ အမေရိကန် ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာအစိုးရနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့လည်း သိရပါတယ်။ ဦးတင်ဦး နဲ့ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"