Thursday, November 10, 2011

စစ်အစိုးရ စစ်သားများ စိတ်ကြွဆေး တစ်မျိုးဖြစ်တဲ့ ယာမ မူးယစ်ဆေး အသုံးပြုနေ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipUS7ZxoZJ6LpNcO5y5sZNFD0TYiRAvCjsumYf354Q45PWLnWPHSmwNf5aVFS1nxwmqU4jwdx3tgaLz5_aOusghmFFhQGUbk3Ezp7dMHWV2Zbg8i4TiFiL7si9f4writrGr6o_dsZyFhDP/s1600/321128_138420969584534_100002498966372_210016_1790709_n.jpg
Kachin Independence Army
နိုဝင် ဘာလ ၉ ရက် K.I.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းများနှင့် စစ်အစိုးရ စစ်တပ်တို့အကြား ဗန်းမော် လွယ်ဂျယ် ကားလမ်း ခဝမ်ဘန်၊ လော်ဒန် အောက်မှာ ပြင်းပြင်း ထန်ထန် တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn9oJhgyKYSVL-XVjy7-mcgCXoOZ6BsXwxxLMUmR50N0QpPuJyhc-dbAlRSiKcgOPTyp2wiL7UtoX8zXck7bMy8dlGUNnxBPz-hSzqLMHMjhIOeJid3mZo81B_gbJBQt8DNBCH4pu2Yjp5/s1600/thein+sein.jpgပါးစပ်က ဘုရား..ဘုရား..လက်က ကားယား..ကားယား ..ဘဲ ထင်ပါရဲ့..

စစ်အစိုးရ စစ်တပ်မှ အထက်လူကြီးမျးဟာ မိမိ စစ်သားများ တိုက်ပွဲကို ရဲရဲဝင့်ဝင့် တိုက်ခိုက်နိုင်ဖို့ အတွက် စိတ်ကြွှဆေး တစ်မျိုးဖြစ်တဲ့ ယာမကို စားစေပြီး စစ်ပွဲများကို ဝင်ခိုင်းနေကြောင်း သိရှိ ရပါတယ်။ ဒီစိတ်ကြွဆေး ယာမ ဟာ ကမ္ဘာက လိုက်လံ တိုက်ဖျက်နေတဲ့ မူးယစ်ဆေးဝါး တစ်မျိုး ဖြစ်သော်ငြားလည်း စစ်အစိုးရတို့ဟာ ယခုလို တရားဝင်အဖြစ် အသုံးပြုနေတာကို တွေ့မြင် နေရပါတယ်။


ကချင်ပြည်နယ် ရွှေညောင်ပင် ဂါးရာယာန် ဘက်မှာ K.I.A တပ်များနှင့် တိုက်ပွဲဝင်နေတဲ့ စစ်အစိုးရ စစ်သား များလည်း စိတ်ကြွဆေး တစ်မျိုးဖြစ်တဲ့ ယာမ ကို အသုံးပြုနေကြောင်း ယခုလို… “ဟုတ်တယ်..သူတို့ (စစ်အစိုးရ စစ်သားများ) ကို ကြည့်ရတာ တမျိုး ထူးခြားနေ သလိုဘဲ.. ပိုပြီးမှ ရဲတင်း လာ သလိုမျိုး တွေ့ရတယ်.. ဒါပေမယ့် တချို့ စစ်သားတွေ ကြတော့ ကြောင် သလိုလိုမျိုး ဖြစ်နေတယ်.. စိတ်ကြွဆေး ယာမ အနိတင် ပြေသွားတဲ့ အချိန်ထင်တယ်..” လို့ မြင်တွေ့ ခဲ့တဲ့ ဒေသခံမှ ပြောကြားလာပါတယ်။https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7LA8oGDMNbHxbtc6I-mbTqK4Vlp6x-SH7ju91XBbTbLIfZSa76bCQns1zTttmyj1kCiMxO9TarQC9ywhByeRBvYnM9saGAbid77trlEliDTV_2lS-NhVYFuRMidd7EYGFicD8wozqsSHF/s400/Yaba-02.jpg
တဘက်မှာ ဘာဘဲဖြစ်နေ ဖြစ်နေ တစ်ဖက်မှာလည်း နယ်ခြားစောင့်တပ်များလက်ခံ ထားတဲ့ ဇခုန်တိန်ယိန်း (NDAK) ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) နှင့် နယ်ခြားစောင့်တပ် လဆန်အောင်ဝါ (K.I.O ခွဲထွက် လဝါးယာန်) တို့ဦးဆောင်ကာ နိုဝင်ဘာလ ၉ ရက်နေ့ ကချင် ပြည်နယ် မြစ်ကြီးနားမြို့ရှိ  ဆရာဂွန်ရှောင် ပိုင်တဲ့ YMCA ခန်းမတွင် ပြည်သူ လူထု များကို တွေ့စုံ ဆွေးနွေးပွဲ တစ်ခုပြုလုပ် ခဲ့ပါတယ်။

W.P Moses

No comments:

Post a Comment