Friday, November 25, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတ်ပုံတင်ခွင့် လျှောက်လိုက်ပြီ

ဒီကနေ့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီက မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ပြီလို့ သိရပါတယ်။
AFP
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်မြို့ ဌာနချုပ်တွင် ကျင်းပသည့် ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။
လျှောက်လွှာမှာ ပြင်ဆင်စရာမရှိတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်က လက်ခံထားလိုက်ကြောင်း မှတ်ပုံတင်ခွင့်အတွက် နေပြည်တော်ကို သွားရောက်ခဲ့တဲ့ အင်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။ NLD ရဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုမပြု တစ်ပတ်အတွင်း သိရမယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်၂ ဦး လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ နေပြည်တော်ကို သွားရောက်ပြီး ပါတီတံဆပ်တုံး၊ အလံ၊ ဖွဲ့စည်းပုံစတာတွေကို အပြည့်အစုံ တင်ပြရမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးဆောင်ကော်မီတီ အစည်းအဝေးကနေ ပါတီ ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
post by RFA

No comments:

Post a Comment