Tuesday, November 15, 2011

မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုများနှင့်ပတ်သတ်ပြီး ပြည်သူများပြောဆိုနေသောသတင်း

နိုဝင်ဘာလ ၁၀ ရက်၊ ည ၈နာရီ ၄၅ မိနစ်ခန့် က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နန့်ခမ်းမြို့နယ်၊ နန့်ခမ်း ရဲစခန်းရှေ့မှာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ မိုင်းလို့ယူဆရတဲ့ ၁ ပေခွဲပတ်လည် အထုတ် ၁ ထုတ်ကို ဆိုင်ကယ်ပေါ်ကနေ ပစ်ချပြီး ထွက်ပြေးသွားလို့ ဒုရဲအုပ်ဇော်ထူးခေါင်ဆန်နဲ့အဖွဲ့က သွားရောက်စစ်ဆေးစဉ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဒုရဲအုပ် ဇော်ထူးခေါင်ဆန်မှာ မူဆယ်ဆေးရုံတွင် သေဆုံးသွားပြီး  အခြား ဒဏ်ရာရသူ ၃ ဦး ဖြစ်တဲ့ ဒုရဲတပ်ကြပ် ကျော်စွာမိုးနှင့် အမျိုးသမီး ၂ ယောက်ကိုတော့ မူဆယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသဆဲ ဖြစ်ပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh-4HiNnNivlVhEwLUAJZs0dyAeaGSw_u1Lg-TWMw0jzegbIyEK0TPFhUrYvm5VmFS2mWStNA5fsXTSM-muRqzf_pEmHkXnebMFsA3B_I_W_vWsY07GbxLKIdkpOdMJ-SaIPPpptFlGW2p/s1600/01.jpg
  နိုဝင်ဘာလ ၁၂ ရက်နေ့ညက မြစ်ကြီးနားမြို့ပေါ်မှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို ရှာဖွေ ဖျက်ဆီးနိုင်ခဲ့သော်လည်း မိုင်းနှစ်လုံးမှာ ပေါက်ကွဲခဲ့ပါတယ်။ မပေါက်ကွဲသေးသောမိုင်းကို ဧရာရပ်ကွက် အောင်ဆန်းလမ်းမအကြီး ဘေးမှာ တွေ့ရှိတာဖြစ်ပြီး တာဝန်ရှိသူများက ဖောက်ခွဲရှင်းလင်းလိုက်ပါတယ်။ ထိုနေ့ည   ၉ နာရီ ၅၅ မိနစ် သီတာရပ်ကွက် အား/ကာ ရုံးရှေ့ရှိချုံဖုတ်ထဲမှာ မိုင်းတစ်လုံးနှင့် ၁၀ နာရီ ၁၅ မိနစ်တွင် တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ ( မြောက် ) နယ်မြေ ဆွမ်ပရာဘွမ်လမ်းနှင့် စက်မှုလမ်းဆုံတွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်ဆီးဆုံးရှုံးမှု မရှိပါဘူး။
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhebMjXPOhbHKkzb6TX0WAw2mDkSGr2elYxatmyndN_zqxPzCGl8yjCFFVg-LFQxs4tYb3Qd1BGvFiCo5BRugisTMPdiiEIxive3vYi8p2JioIfUtJiAmJ2-p6zcUHYXRHxCRCi-8ViKcVR/s1600/002.jpg
ယမန်နေ့ညက မြစ်ကြီးနားမြို့ပေါ်က ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ လျှို့ဝှက်ခဲယမ်းမီးကျောက်များ သိုလှောင်ရာ သီတာရပ်ကွက်၊ လမ်းသွယ် ၅၊ ကြားလမ်းသွယ် (၁/၂) ကြားရှိ အိမ်အမှတ် (၆၉) မှာ ပေါက်ကွဲမီးလောက်မှု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး၊   အသက် ၃၅ နှစ်ခန့် အမျိုးသား ၃ ဦး၊ အသက် ၃၀ ခန့် အမျိုးသား ၂ ဦး၊ အသက် ၃၅ နှစ်ခန့် အမျိုးသမီး ၁ ဦး၊ ကျား/မ ခွဲခြားမရသော အလောင်း ၁ လောင်း၊ စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရရှိသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၃ ဦး ရှိတယ်လို့ သိရပါတယ်။
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYPMzn1XDacXcouWYqv6rSAQKCtEhcgjU4d4AZQIo_UgeKQfvKdVCs4p0-F0buHmry1zWtLHT4wxiBY4ZMEx5T2FoONOqkANKqne_-zI7QoJ20vISM5-g7rdDvI8MTDHbnqigtsIsyXNC6/s1600/03.jpg
အဆိုပါ ပေါက်ကွဲမီးလောက်မှုကြောင့် အိမ်အမှတ် ( ၆၉၊ ၆၈၊ ၆၇ ) တို့ မီးလောင်ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့ အိမ်ပိုင်ရှင်မှာ ဦးဒယောင်တန်ဂွန်းဖြစ်ပြီး၊ အဲဒီအိမ်မှာ မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ဒဏ်ရာမပြင်းထန်တဲ့ ကလေးတွေရဲ့ပြောကြားချက်အရ သူတို့အဖွဲ့ဟာ လိုက်ဇာမှာလုပ်တဲ့ ပွဲလမ်းသဘင်တွေမှာ ဘင်ခရာနဲ့ ပန်းပွားအကကို လိုက်လံ ကပြ ဖျော်ဖြေရကြောင်းနဲ့ ယခုအိမ်မှာ လိုင်ဇာက ဧည့်သည်တွေရောက်နေတယ်လို့ သိရှိရပါတယ်။
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxnKIonxIf2MJ_tDoGQBW6NNx1uUOXagHl5VM6wrK4tMcO9JHfCMTUlUN5aUnXIDCDlx8ZOrsy9l0lHwK1d8MhJ4togZ_lexhqiL7xv9O2OynJoRkPk-WiF6XlgWeHjsu5Yy52W7DCthj/s1600/05.jpg
သေဆုံးတဲ့အလောင်းတွေထဲက အိမ်အမှတ်( ၆၉ ) မှာတွေ့ရတဲ့ ဦးဒယောင်တန်ဂွန်းရဲ့ သားသမီး ၂ ယောက်မှာ ခန္ဓာကိုယ်အပိုင်းလိုက် ခါးလည်ကနေ ပြတ်သွားတာကို တွေ့ရလို့ ဦးဒယောင်တန်ဂွန်းရဲ့ သားသမီးတွေက ဗုံးကို တပ်ဆင်နေတုန်းမှာ ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။
 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIGpiFQL7IMPTafdUHHNh-MtFdXFaPgoqDNeA64yusjZykwtS15qT4pqx40KzeWWIFoE7LWn4jzhM0irDXT6VrUfaINFBdN1EpjmPEux3gARq8JkjU3EsKANrqncKCw6etFdUvpxe8eIbO/s1600/11.jpg
ပေါက်ကွဲပျက်စီးမှုကြောင့် ဒဏ်ရာရသူတွေမှာ တွေ့ရတဲ့ အစအနတွေဟာ မြစ်ကြီးနားမှာ တွေ့တဲ့မိုင်းတွေနဲ့ ယမ်းအမျိုးအစားချင်းတူညီနေပါတယ်။ ဒဏ်ရာရသူတွေကို ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဘာသာရေး အသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများက ကူညီစောင့်ရှောက်ကြပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidSvQRf2Oa9AkPGZX8kqaE3UcOxdylPdwTbAFjz-s_xJSqRrfQlQP0YyVuK5GSCN4_WdV6dwEuKVknf6cUiUDDH5VeOrPPq3WuLZcBRwIKpefzcXlkXYw-TIoVwoQW20JjxrIaF-Y_9pyY/s1600/12.jpg
ကချင်လွတ်မြောက်ရေးတပ်မတော် အနေဖြင့် ပြည်သူများနေထိုင်ရာ ဒေသများတွင် အဖျက်လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေလို့ ကချင်လူမျိုးတွေက ကချင်လွတ်မြောက်ရေး တပ်မတော်အား လူထုက အကြမ်းဖက်အဖွဲ့ အဖြစ် ထင်သွားမှာကို စိုးရိမ်နေပေမယ့် မြစ်ကြီးနားက လူတွေကတော့ သူတို့ကို ရွံရှာမုန်းတီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောကြားခဲ့ပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkCPGViH9DgGt273ssec1DY52gvOQtCrU7saXTr5nbdMV76aooOujhBiX8o-N-F_ieWbyAu2fS0b8fl3L4t8gHgAqYMnxsUnWlUtwKHx3nXlfvJ_59x3aNdZfuzf8IwEitoivGHs3zhpIV/s1600/DSC03114.JPG

No comments:

Post a Comment